အပိုင်း ၄၁၉ ပညာရှင်အုပ်စိုးသူတစ်ယောက်၏ခန္ဓာကိုယ်စွမ်းအား

233 20 0
                                    

အပိုင်း ၄၁၉ ပညာရှင်အုပ်စိုးသူတစ်ယောက်၏ခန္ဓာကိုယ်စွမ်းအား၊ မဟာသားရဲလေးကောင်၊ အင်ပါယာလက်နက်

ချူခွမ်းရန်က သူ၏ဓားဖြင့် ကျောက်သမုဒ္ဒရာမျှော်စင်အရှင်ကိုချိန်ရွယ်လိုက်သည်။

သူတို့နှစ်ယောက် မောက်မာဝင့်ကြွားစွာရပ်နေကြချိန်တွင် သူတို့၏အရှိန်အဟုန်က ဆက်တိုက်ဆိုသလို လျက်မြန်သောအရှိန်ဖြင့် မြင့်တက်လာ၏။

မတူညီသောတာအိုစည်းချက်နှစ်ခု၏ထိပ်တိုက်တွေ့ဆုံမှုက ပတ်ဝန်းကျင်ရှိတောင်တန်းနှင့်မြစ်ချောင်းများကို ပြိုလဲပျက်စီးသွားစေ၏။သို့သော် သူတို့နှစ်ယောက်က မလှုပ်မယှက်ရှိနေကြသေး၏။

သူတို့၏အော်ရာနှစ်ခုအားပြိုင်မှုကြောင့် မမြင်ရသောစွမ်းအင်အကာအကွယ်တစ်ခုက သူတို့ကိုဖုံးလွှမ်းကာဖြစ်တည်လာ၏။ပညာရှင်အဆင့်အောက်မည်သည့်ကျင့်ကြံသူမှ သူတို့အနီးမကပ်လာရဲကြပေ။

'' ချုခွမ်းရန်....ငါတို့မတိုက်ခိုက်ခင် တစ်ခုမေးစရာရှိတယ်...''

'' မေးပါ...''

'' မင်းက ငါ့တပည့် လီဇီကိုသတ်ခဲ့တဲ့သူလား...''

ကျောက်သမုဒ္ဒရာမျှော်စင်အရှင်က ဒေါသတကြီးမေးလိုက်သည်။

လီဇီ၏နာမည်ကိုကြားသည်နှင့် ချုခွမ်းရန်က တစ်ခဏစဥ်းစားတွေးတောဟန်ပြုကာ မသေချာမရေရာစွာပြောသည်။

'' လီဇီ...ဟုတ်လား၊ ဒီနာမည်ကိုကြားဖူးနေသလိုပဲ၊ ဘယ်သူလဲ သိချင်မိတယ်...''

ကျောက်သမုဒ္ဒရာမျှော်စင်အရှင်က အလွန်ဒေါသထွက်လာသဖြင့် သူ၏နဖူးပေါ်ရှိသွေးကြောများ ထောင်တက်လာသည်။သူက သူ၏ဒေါသကိုထိန်းချုပ်ရင်း သူကနောက်တစ်ကြိမ်ထပ်မေးသည်။

'' အဲ့ဒါက ခေါင်းကိုးလုံးကလန်က သခင်လေးပဲ...၊ မင်းသူ့ကိုသတ်ခဲ့လား...''

ထိုအခါမှ ချူခွမ်းရန်က အမှတ်ရလာသည်။

'' အို...ခင်ဗျားက ကိုယ့်ကလန်ကလူတွေကိုပြန်သတ်ခဲ့တဲ့ အဲ့ဒီအမှိုက်ကိုပြောချင်တာလား...၊ ကျုပ်သူ့ကိုသတိရပြီ...''

'' အမှန်ပဲ၊ အဲ့ဒီအမှိုက်ကို ကျုပ်ကိုယ်တိုင်သတ်လိုက်တာပဲ၊ ပြီးတော့ ကျုပ်သူ့ဆီက သားရဲအဆီအနှစ်ဝိညာဥ်တွေကိုလည်း ယူထားသေးတယ်...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Hikayelerin yaşadığı yer. Şimdi keşfedin