အပိုင်း ၄၃၃ ကောင်းကင်သားတော်နှစ်ဦး၏ မကျေနပ်မှု၊ ကောင်းကင်နက်ဂိုဏ်းထဲသို့ ခိုးဝင်ခြင်း
“ ကောင်းကင်သားတော်တွေကို ဦးဆောင်နိုင်တဲ့ တစ်ယောက်တည်းသောသူက ချူခွမ်းရန်ပဲ ဖြစ်နိုင်တယ်”
ကောင်းကင်နက်ဂိုဏ်း၏ အံ့ဖွယ်တိမ်ပင်လယ်အစီအရင်အပြင်ဘက် တောင်ပြင်ကျယ်တစ်ခုထိပ်တွင်၊ လူငယ်တစ်ယောက်သည် သူ့မျက်လုံးတွင် အထင်အမြင်သေးသည့် အရိပ်အယောင်ဖြင့် ညည်းညူလိုက်သည်။
“ ဘယ်လိုဟာသလဲ။ သုံးနှစ်ကြာ ဒုက္ခိတဖြစ်နေတဲ့ လူတစ်ယောက်အကြောင်း ဒဏ္ဍာရီတွေတဲ့လား။ ဒီလူတွေက ရူးနေတာလားဟ”
လူငယ်သည် သူ့မျက်နှာတွင် အလွန်အမင်းမကျေမနပ်ဖြစ်လျက် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ကောင်းကင်ကြယ်တာရာ၏ လက်ရှိအခြေအနေကို နားလည်သူမည်သူမဆို ဤနေရာ၌ ရှိနေပါက၊ ၎င်းတို့က သူ့ကို အသိအမှတ်ပြုမည်မှာ သေချာပေသည်။ လူငယ်သည် နိုးထနဂါးစာရင်းတွင် အဆင့်နှစ်ဆယ့်ငါးဖြစ်သော ထိပ်တန်းကောင်းကင်သားတော်တစ်ဦး ဖြစ်သောကြောင့်ပင်။
သူသည် ကောင်းကင်ကြယ်တာရာရှိ လက်ရှိအကောင်းဆုံး ကျင့်ကြံခြင်းနယ်မြေထဲမှ တစ်ခုဖြစ်သော ခြောက်သွေ့ နန်းတော် ၏ တာအိုဆရာသခင်တစ်ဦးဖြစ်သည့်... လျိုယီချင်း ဖြစ်သည်။
လွန်ခဲ့သောသုံးနှစ်၊ ကောင်းကင်နက်ဂိုဏ်းရှိ တိုက်ပွဲဖြစ်ပြီးနောက်တွင်၊ သူက ကမ္ဘာသို့ လာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ခြောက်သွေ့ နန်းတော်နှင့် အခြားလျှို့ဝှက်ကုန်းမြေများ ပေါ်ထွက်လာသည်နှင့် တစ်ချိန်တည်း ဖြစ်၏။
ထိုမှသာ လျိုယီချင်းသည် လူထုရှေ့မှောက်၌ ထွက်ပေါ်ပြီး ကောင်းကင်သားတော်များ၏ အရေးအခင်းသို့ ခြေချခဲ့သည်။ သူက ထိုအချိန်မှသာ စတင်ခြင်း ဖြစ်၏။
သူ့ခွန်အားက မှတ်သားထိုက်ပေသည်။ လွန်ခဲ့သော သုံးနှစ်အတွင်း၊ သူသည် ကမ္ဘာတစ်ဝှမ်းရှိ များပြားစွာသော ကောင်းကင်သားတော်များကို အနိုင်ယူခဲ့ပြီး နိုးထနဂါးအဆင့်၌ အဆင့် နှစ်ဆယ့်ငါး နေရာကို ရယူခဲ့သည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...