အပိုင်း ၄၁၁ မင်းတို့ကောင်တွေ မလာကြဘူးလား

242 22 0
                                    

အပိုင်း ၄၁၁ မင်းတို့ကောင်တွေ မလာကြဘူးလား၊ အံ့ဖွယ်တိမ်ပင်လယ်အစီအရင်၏ သန်မာမှု

စွမ်းအင်လှိုင်းများစွာက တစ်ချိန်တည်း ပေါက်ကွဲထွက်လာ၏။

    ရိုတ်ခတ်မှုမှ လာသော ကြီးမားသည့် အင်အားသည် ကောင်းကင်နက်ဓားအစီအရင်ကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ ဓားချီ၊ နေလစွမ်းအင်နှင့် ပညာရှင်အုပ်စိုးသူလက်နက်၏ စွမ်းအင်များ အတူတကွ ပေါက်ကွဲထွက်လာမှုက ကုန်းမြေတစ်ခုလုံးကို ကြောက်မက်ဖွယ်လှိုင်းတွန့်များ ပျံ့နှံ့သွားစေ၏။

    ဝင်ရောက်လာသော ရိုတ်ခတ်မှု၏ ထိုးနှက်ချက်ကို အပြည့်အဝခံနိုင်ရည်ရှိသူများက ပညာရှင်မီးခိုး နှင့် နေလပညာရှင်များသာ ဖြစ်သည်။ ပေါက်ကွဲထွက်လာသော စွမ်းအင်များက သူတို့ကို ချက်ချင်း လွင့်စင်သွားစေသည်။

သူတို့ကဲ့သို့ မဟာပညာရှင်များပင် ပြင်းထန်စွာ ဒဏ်ရာရကုန်၏။

ထွီး...

ပညာရှင်မီးခိုးသည် မီတာရာအနည်းငယ် လွင့်စင်သွားပြီးနောက် သွေးတစ်လုတ် ထွေးထုတ်လိုက်ရ၏။

ထိုအခါ၊ နေနှင့် လပညာရှင်နှစ်ဦးလုံးက အနီးရှိတောင်တန်းကို တိုက်မိသွားသည်။

    ကောင်းကင်အင်ပါယာလီက များစွာ ဒဏ်ရာမရသော်လည်း ဓားအစီရင်ကို တိုက်ခိုက်ရန် သူအသုံးပြုခဲ့သော ပညာရှင်အုပ်စိုးသူ လက်နက်၌ များစွာသော အက်ရာများ ပေါ်ပေါက်လာခဲ့သည်။

အခြားပညာရှင်များလည်း ဒဏ်ရာရကုန်၏။
ဓားအစီအရင်ကို မတိုက်ခိုက်ခဲ့သော ပညာရှင်များပင် အလားတူ ဖြစ်ခဲ့သည်။

“ ငါတို့ လုပ်ခဲ့တယ်”

လင်းဟူကလန်မှ ပညာရှင်က အော်ဟစ်လိုက်သည်။

မဟာပညာရှင်များ၏ တိုက်ခိုက်မှုအားလုံးကို စုပ်ယူသွားသော ဓားအစီအရင်က နောက်ဆုံး၌ ပျက်စီးသွားလေပြီ။ မရေမတွက်နိုင်သော ဓားများက ကောင်းကင်မှ တိမ်တိုက်များပေါ် ကျသွား၏။

ကောင်းကင်နက်ဂိုဏ်းကို ဝန်းရံထားသော ဓားချီအလွှာကား ပြိုကျသွားလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now