အပိုင်း (၄၀၈) ကျင့်ကြံသူရာပေါင်းချီသောစစ်တပ်

351 31 2
                                    

အပိုင်း  (၄၀၈) ကျင့်ကြံသူရာပေါင်းချီသောစစ်တပ်၊ ပညာရှင်အုပ်စိုးသူတစ်ယောက်၏ကြောက်ရွံ့ရိုသေမှု

“ ငါ့ရဲ့ချစ်လှစွာသောဘုရင်မ၊ ဒီကိုဘာလို့ရောက်လာရတာလဲ...”

ချူခွမ်းရန်ကဂူလင်းလုံကိုနွေးထွေးစွာတစ်ချက်ကြည့်လိုက်သည်။

“ ငါ ငါ့ရဲ့တော်၀င်အဇူရာပြည်ထောင်ထီးနန်းကိုစွန့်လွှတ်လိုက်ပြီ။...”

ဂူလင်းလုံပထမဆုံးပြောလာသောစကားကြောင့် ချူခွမ်းရန်ဘာပြောရမှန်းမသိဖြစ်သွား၏။သူက မျက်မှောင်ကြုပ်လိုက်ရာ တုန်လှုပ်မှုကသူ့မျက်နှာပေါ်တွင် အထင်းသားပေါ်နေ၏။

“ သူတို့က မင်းကိုအတင်းဖိအားပေးခဲ့တာလား....”

ချူခွမ်းရန်၏ လေသံက အတော်အေးစက်လာသည်။

ယခုအချိန်တွင်သူက ဤလောကကြီးတွင်ပြိုင်ဘက်ကင်းဖြစ်နေပြီး ဂူလင်းလုံက သူ၏ပထမဆုံးဇနီးမယားဖြစ်သည်။တော်၀င်အဇူရာပြည်ထောင်မှလုများက ဤအခွင့်အရေးကိုအသုံးပြုကာ လင်းလုံအားနန်းစွန့်ရန် ဖိအားပေးသည်မှာဖြစ်နိုင်၏။သူတို့ထဲမှအများစုမှာ ထီးနန်းကိုမျက်စိကျနေသည်မှာ ကြာနေပြီဖြစ်သည် မဟုတ်ပါလား။

“ မဟုတ်ပါဘူး ငါ့သဘောနဲ့ငါလုပ်ခဲ့တာ...”
ဂူလင်းလုံက ပြုံးကာပြောသည်။

“ ကျွန်မ ဒီနေ့ရှင်နဲ့ပူးပေါင်းမလို့လာခဲ့တာ...”

“ အိုး ငါသိပြီ၊ ဒါဆို ငါတို့ကောင်းကင်နက်ဂိုဏ်းမှာ ဘာလို့မနေတာလဲ၊ ဒါတွေအကုန်လုံးပြီးသွားတဲ့အချိန်ကျရင် မင်းကကိုယ့်ရဲ့ပထမဆုံး အမျိုးသမီး ဖြစ်လာလိမ့်မယ်...၊ ဒါက ဧကရီဘုရင်မလောက်မကြီးမြတ်ပေမဲ့ အဲ့ထက်တော့မနိမ့်ကျစေရဘူးဆိုတာ ကိုယ်အာမခံတယ်...”

ချူခွမ်းရန်က သူ၏မေးစေ့ကိုပွတ်ကာ ပြောသည်။

“ ဒါပေမဲ့ အဲ့ဒါက ကျွန်မတို့အားလုံး အသက်ရှင်မှလေ...”

ဂူလင်းလုံက ပြောလိုက်သည်။တခြားသူများကဲ့သို့ပင် သူမသည်လည်း ကောင်းကင်နက်ဂိုဏ်း၏ ကံကြမ္မာက မကောင်းနိုင်ဟုထင်နေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now