အပိုင်း ၄၃၇ ရင်းနီးသော နာမည်တစ်ခု၊ နိုးထနဂါးစာရင်း၏ ထိပ်ဆုံး

237 12 0
                                    

အပိုင်း ၄၃၇  ရင်းနီးသော နာမည်တစ်ခု၊ နိုးထနဂါးစာရင်း၏ ထိပ်ဆုံး

အံ့ဖွယ်တိမ်ပင်လယ်အစီအရင်။
အပြင်ဖက်နေရာ၌ ကျင့်ကြံသူဒါဇင်ကျော်သည် လူနှစ်ဦး၏ ပုံရိပ်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေ၏။

လူနှစ်ဦး ထွက်သွားပြီးမှသာ သူတို့အများစုက သတိပြန်လည်လာကြသည်။

“ ဒါ...”

လူအိုကြီး လီသည် စကားပြောရန် မှန်ကန်သောစကားလုံးများ ရွေးရင်း စကားများ ထစ်နေသည်။

“ ဒါ တကယ် သူပဲ”

သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးသည် နှစ်ဦးသား၏ ဦးတည်ရာကို စိုက်ကြည့်ပြီး အသေအချာ ပြောလေသည်။ သူ့မျက်နှာတစ်ခွင်လုံးတွင် နားမလည်နိုင်သော စိတ်လှုပ်ရှားမှု အရိပ်အယောင် ရှိနေ၏။

“ ဒါ တကယ်သူပဲ၊ ဒါပေမယ့် ကောလဟာလတွေအရ သူ့ကို ကောင်းကင်ဘုံအပြစ်ဒဏ်က စည်းပိတ်ထားတယ် မလား။ ဆိုတော့၊ သူဘာလို့ အစီအရင်ကနေ ထွက်လာတာလဲ”

လူအိုလီသည်လည်း ထပ်တူထပ်မျှ အံ့သြနေသည်။

“ ဘာကြောင့် မဖြစ်ရမှာလဲ”

“ သူက ချူခွမ်းရန်လေ။ သူ မလုပ်နိုင်တာ တစ်ခုခု ရှိလို့လား”

သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူက စိတ်လှုပ်ရှားစွာ ပြောသည်။

လူအိုလီသည် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူအား ထူးဆန်းစွာ စိုက်ကြည့်သည်။

သူ့သူငယ်ချင်းက ချူခွမ်းရန်၏ အမာခံပရိတ်သတ်တစ်ဦးဟု သူ မထင်မှတ်ထားခဲ့ပေ။

...

ကောင်းကင်ကြယ်တာရာ၊ ကံဟောကြားသူ စင်မြင့်။ လွန်ခဲ့သောသုံးနှစ်တွင် ပင်လယ်လေးစင်းအစည်းအရုံးသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးကံဟောကြားသူအတွက် ဤအဆောက်အဦးကို တည်ဆောက်ခဲ့သည်။

လွန်ခဲ့သောသုံးနှစ်က၊ ကံဟောသူသည် ကောင်းကင်ကံကြမ္မာကို ကောက်ချက်ချပြီး နိုးထနဂါးစာရင်းကို ထုတ်ဝေခဲ့သည်။ ထို့နောက်တွင်၊ သူ့ဂုဏ်သတင်းက ထိုးတက်လာခဲ့၏။

ကံဟောသူစင်မြင့်၏ အရှေ့၌ ရွှေရောင် ဆိုင်းဘုတ်တစ်ခု ရှိသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Donde viven las historias. Descúbrelo ahora