အပိုင်း ၄၀၅ မှော်ဆရာ၏စွမ်းရည်၊ အတူသေမလား ထွက်သွားမလား
ကောင်းကင်နက်ဂိုဏ်းကို ပထမဆုံးဖျက်စီးရမယ်။
၄င်းသည် လျှို့ဝှက်ကုန်းမြေကြီးမှ ကျင့်ကြံခြင်းနယ်မြေများ ပြင်ပကမ္ဘာကြီးကိုထွက်လာလာချင်း ကြေညာချက်ဖြစ်သည်။
ထိုကြေညာချက်ထွက်ပေါ်လာသည်နှင့် အခွင့်အရေးကိုစောင့်နေကြသူများ၊ ကောင်းကင်နက်ဂိုဏ်း၏ ရန်သူများကလည်း ထိုကြေညာချက်ကို သဘောတူလက်ခံကြောင်း ထုတ်ပြန်လိုက်ကြ၏။
ထိုကျင့်ကြံခြင်းနယ်မြေများတွင် အရှင်သခင်မျိုးနွယ်စု၊ လင်းဟူကလန်၊ ကောင်းကင်အင်ပါယာနန်းတော်နှင့် ပင်လယ်ကျွန်းသုံးဆယ့်ခြောက်ကျွန်းတို့ပါဝင်ကြသည်။
ပုံမှန်အားဖြင့် ထိုကျင့်ကြံခြင်းနယ်မြေများက ကောင်းကင်နက်ဂိုဏ်းကိုလာပြီးရန်စရဲကြမည်မဟုတ်ပေ။သို့သော် ယခုတွင်ကား အခြေအနေက အနည်းငယ်ကွဲပြားသွားခဲ့လေပြီ။
လျှို့ဝှက်ကုန်းမြေများက သူတို့၏ဘက်တွင်ရှိနေသဖြင့် ဤအခွင့်အရေးသည် သူတို့အတွက် ကောင်းကင်နက်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ရန် အခွင့်အလမ်းကောင်းတစ်ခုဟု မြင်ကြလေသည်။
ထိုထင်ကြေးကို ယုံကြည်ကြသူအများအပြားရှိ၏။
ယခုအချိန်၌ ကောင်းကင်နက်ဂိုဏ်းသည် တစ်ယောက်တည်းနှင့် တစ်ကမ္ဘာလုံးကို ဆန့်ကျင်နေရခြင်းဖြစ်သည်။
သူတို့၏ ရှုံးနိမ့်မှုက သေချာနေလေပြီ။ချုခွမ်းရန်မည်မျှပင် သန်မာစေကာမူ ဤအခြေအနေတွင် သူသည်လည်း ဘာမှပြုလုပ်ပေးနိုင်မည်မဟုတ်ပေ။
ဤသို့ဖြင့် ကောင်းကင်နက်ဂိုဏ်းကိုဆန့်ကျင်တိုက်ခိုက်မည့်သတင်းသည် လူတိုင်း၏အာရုံကိုဆွဲဆောင်လာပြီး ကျင့်ကြံသူတိုင်း၏ အတင်းအဖျင်းပြောစရာ သတင်းတစ်ခုဖြစ်လာခဲ့သည်။ကောင်းကင်ကြယ်တာရာကြီးတစ်ခုလုံးသည်လည်း နှစ်သစ်ကူးသကဲ့သို့ နိုးနိုးကြားကြားတက်တက်ကြွကြွရှိနေကြလေသည်။
သူတို့က ဘာဖြစ်မလဲ စောင့်ကြည့်နေကြသည်။
ကျင့်ကြံသူများက ဤတိုက်ပွဲအတွင်း ကောင်းကင်နက်ဂိုဏ်း၏ ကျဆုံးခန်းတစ်ခုတည်းကိုသာ စောင့်ကြည့်နေကြခြင်းမဟုတ်ပဲ ပြိုင်ဘက်ကင်းကောင်းကင်သားတော်များ၏ ကြွေလွင့်ချိန်ကိုလည်း မျက်မြင်တွေ့လိုကြလေသည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...