အပိုင်း ၄၃၉ အစောင့်အကြပ် တစ်သောင်း ၊ မင်း ငါ့လက်ငါးချောင်းတောင်ကနေ ပြေးနိုင်မှာတဲ့လား
ငါ့ရဲ့ လက်ငါးချောင်းတောင်မှလား။
“ သူမက... ချူခွမ်းရန်နဲ့ ယှဥ်ပြိုင်မှာပေါ့”
နန်းတော်အစောင့်များ ပြိုကွဲသွားသည်။ ချူခွမ်းရန်၏ အမည်ကို ဖော်ပြခြင်းက သူ့ကို နက်ရှိုင်းစွာ ကြောက်ရွံ့စေ၏။
ဘေးနားမှ အကြီးအကဲလည်း အံ့အားသင့်သွားကာ သူ့လက်ရှိ ကျောက်စိမ်းတုန်းသည်လည်း မသိစိတ်အရ ပြုတ်ကျသွားသည်။ ကျယ်လောင်သောအသံတစ်ခုဖြင့် မြေပြင်ပေါ်သို့ အပိုင်းပိုင်းအစစ ပျက်စီးသွားသည်။
“ ချူခွမ်းရန်က ဒီရောက်နေတာလား။ သူ ဘာလို့ ဒီကို ရောက်နေတာလဲ”
ဆံပင်ဖြူအကြီးအကဲနှင့် ယွမ်ချန်းဖန်တို့က ထိတ်လန့်သွားသည်။
နန်းတော်အစောင့်က သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ အစကတည်းက သူ့မိန်းမရဲ့ မိသားစုကို ဒီနိုင်ငံကနေ ဖယ်ထုတ်လိုက်တာ။ သူ လာဖို့ ဘယ်လိုမှ မမျှော်လင့်ထားဘူး”
“ အို့၊ ဒါအမှန်ပဲ၊ မြန်မြန်။ မြန်မြန် ဂူချင်းကို ဒီသို့ ခေါ်လာခဲ့”
ယွမ်ချန်းဖန်သည် အစီအစဥ်တစ်ခုကို တွေးလိုက်မိပြီး နန်းတော်အစောင့်များကို လျင်မြန်စွာ ညွှန်ကြားလိုက်သည်။
ဂူချင်းသည် ဂူလင်းလုံဖခင်၏ အမည်ဖြစ်၏။
တော်ဝင်အဇူရာမင်းဆက်ကို သိမ်းပိုက်ပြီးနောက်၊ ယွမ်ချန်းဖန်သည် ဂူချင်းနှင့် သူ့မိသားစုများကို မသတ်ဖြတ်ခဲ့ပေ။ ထိုအစား၊ သူသည် သူတို့၏ တိုက်ခိုက်ရေးခွန်အားကို ချို့ယွင်းစေသည့် လျှို့ဝှက်ဆေးတစ်ခုကို သောက်စေ၍ အခန်းတစ်ခုတွင် အကျဥ်းချထားသည်။ ဒီအကျဥ်းသားများကို တစ်နေ့နေ့တွင် ကောင်းစွာ အသုံးချနိုင်မည်ဟု မျှော်လင့်ထားခဲ့၏။
ထိုနေ့က ထင်ထားသည်ထက် ပို၍ မြန်မြန်ဆန်ဆန် ရောက်လာခဲ့ပုံရသည်။
“ အကြီးအကဲ၊ စိုးရိမ်နေဖို့ မလိုပါဘူး။ ချူခွမ်းရန်က ကောင်းကင်ဘုံပြစ်ဒဏ်ချိပ်တံဆိပ်အောက်မှာ ရှိနေတုန်းပဲဆိုတော့ သူက ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူးဗျ။ ကျုပ်တို့က ဂူလင်းလုံကိုပဲ ကိုင်တွယ်ရမှာ”
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...