အပိုင်း ၄၃၂ ဂူလင်းလုံ၏အချက်အပြုတ်စွမ်းရည်၊ ချုခွမ်းရန်တံခါးပိတ်ကျင့်ကြံခြင်း၊ တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းခြင်း
'' ဒါကဘယ်လိုလက်ဖက်မျိုးလဲ...''
တလောကမှ ပညာရှင်ဖြစ်လာခဲ့သော မြင့်မြတ်သခင်ရွမ်ချီက သူကိုင်ထားသောလက်ဖက်ရွက်ကိုကြည့်ကာမေးလိုက်သည်။သူက ဤလက်ဖက်တစ်ခွက်တွင် သူနှစ်ပေါင်းအတန်ကြာကြိုးစားအားထုတ်မှုများ ပါဝင်နေသည်ကိုသံသယဖြစ်နေသည်။
'' သောက်ခွေး...''
ကောင်းကင်စိတ်ဝိညာဥ်ခြင်ဆီကို စားတာတောင်မှ အခုလိုမျိုးအကျိုးကျေးဇူးရနိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ သာမန်လက်ဖက်တစ်ခွက်က...။
'' ဒါကို တာအိုဉာဏ်အလင်းလက်ဖက်လို့ခေါ်တယ်၊ ဘိုးဘေးတို့၊ ပြီးတော့ ဆရာ ကျေးဇူးပြုပြီး ဒါကိုသုံးဆောင်ကြည့်ကြပါ ကျုပ်မှာ ထပ်ပြီးရှိသေးတယ်...'
ချူခွမ်းရန်က နောက်ထပ် လက်ဖက်တစ်သေတ္တာကို ထုတ်ပြကာပြောလိုက်သည်။
သူတို့က ထိုလက်ဖက်ရွက်များကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်လိုက်ကြသည်။
'' ခွမ်းရန်...ဒါက အဖိုးတန်လွန်းတော့ မင်းအတွက်ပဲ သိမ်းထားတာကောင်းလိမ့်မယ်နဲ့တူတယ်၊ ဒါက မင်းအတွက်ပိုပြီးအကျိုးရှိလိမ့်မယ်လို့ထင်တယ်...'
မြင့်မြတ်သခင်ရွှမ်ချီက ပြောသည်။
'' ကိစ္စမရှိဘူး ဆရာ၊ ကျွန်တော့်ဆီမှာ ပိုကောင်းတဲ့အရာတွေရှိနေသေးတယ်၊ ပြီးတော့ ဒီတာအိုဉာဏ်အလင်းလက်ဖက်က ကျင့်ကြံသူတစ်ယောက်ကို ပညာရှင်အဆင့်ကိုမြန်မြန်ရောက်နိုင်အောင် ကူညီပေးနိုင်တယ်၊ ဒါကြောင့် လက်မတွန့်ပဲ ယူသွားကြပါ...''
ချူခွမ်းရန်၏စကားကြောင့် မြင့်မြတ်သခင်ရွမ်ချီက ထိုလက်ဖက်ရွက်ကို ရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရသည်။
ပြီးနောက် လူတိုင်းက သူ့ကိုကောင်းကင်ဘုံ ပြစ်ဒဏ်ချိပ်တံဆိပ်အကြောင်းမေးလာကြသည်။
သူတို့က ချူခွမ်းရန်အတွက် အလွန်စိုးရိမ်နေကြသည်။အဘယ်ကြောင့်ဆိုသော် ချူခွမ်းရန်က သူတို့အတွက် ကောင်းကင်နက်ဂိုဏ်း၏ ဂိုဏ်းချုပ်သာသာမဟုတ်သောကြောင့်ဖြစ်သည်။သူက ထို့ထက်ပိုသည်။သူက ကောင်းကင်နက်ဂိုဏ်းအတွက် များစွာလုပ်ပေးခဲ့သည်ဟုပြော၍ရသည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...