အပိုင်း ၄၂၀ ပညာရှင်အုပ်စိုးသူခြောက်ယောက်လုံးပူးပေါင်းခြင်း

247 22 1
                                    

အပိုင်း ၄၂၀ ပညာရှင်အုပ်စိုးသူခြောက်ယောက်လုံးပူးပေါင်းခြင်း၊ အင်ပါယာလက်နက်နှစ်ခု၏ စွမ်းအား၊ လူတိုင်း၏အားနည်းချက်

တောင်မြစ်စာလိပ်ထဲမှ မဟာသားရဲလေးကောင်၏စွမ်းအားသည်အလွန်ကြီးမား၏။တစ်ကောင်ချင်းစီသည် ပညာရှင်အုပ်စိုးသူများကို ယှဥ်နိုင်လေသည်။ပညာရှင်အုပ်စိုးသူတစ်ယောက်သည်ပင် ထိုသားရဲလေးကောင်၏စုပေါင်းစွမ်းကိုရင်ဆိုင်ချိန်တွင် အလွန်သတိထားရမည်ဖြစ်သည်။မဟုတ်လျှင် ဒဏ်ရာကြီးမားစွာရရှိသွားပေလိမ့်မည်။

သို့သော်လည်း ချူခွမ်းရန်က အငြိုးအတေးဝိညာဥ်ချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် နောက်မတွန့်ပဲ တိုက်ခိုက်နိုင်၏။ထိုအရာက သူ၏ဒေါသချီများက ထိုသားရဲလေးကောင်ကိုဖိနှိပ်ထားသောကြောင့်ပင်ဖြစ်သည်။

အငြိုးအတေးဝိညာဥ်ချပ်ဝတ်နှင့် အငြိုးအတေးဝိညာဥ်ခန္ဓာကိုယ်တို့သည် ကောင်းစွာလိုက်ဖက်လျှက်ရှိကြသည်။ချူခွမ်းရန်၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းသောအဆင့်ကိုရောက်ရှိသွားလေပြီ။

'' အငြိုးအတေးဝိညာဥ်ပုံရိပ်လွှာ...''

ချူခွမ်းရန်က ရေရွတ်လိုက်သည်။

ဒေါသချီများက ကြောက်မက်ဖွယ်ကောင်းစွာစုစည်းလာပြီး သူ၏နောက်ကျောဘက်တွင် မီတာတစ်ရာခန့်မြင့်မားသော လူသားပုံရိပ်ကြီးတစ်ခုဖြစ်တည်လာ၏။ထိုပုံရိပ်ကြီးက အကန့်အသတ်မဲ့သော ဒေါသချီများနှင့် တိုက်ပွဲစိတ်ဆန္ဒတို့ကိုထုတ်လွှတ်နေလေသည်။

၄င်း၏ တိုက်ပွဲကြွေးကြော်သံက ကောင်းကင်နှင့် မြေပြင်ကြားတွင် ပဲ့တင်ထပ်လေသည်။

'' အခုသေတော့...''

ချုခွမ်းရန်က ပြောလည်းပြောရင်း လက်သီးတစ်ချက်ထိုးချလိုက်၏။သူ၏အနောက်ဘက်ရှိ လူသားပုံရိပ်ကြီးကလည်း သူ့ပုံစံအတိုင်းလက်သီးဖြင့်ထိုးချလိုက်လေသည်။

လက်သီးက ဝါးမျိုသူ၏ခေါင်းကို တိုက်ရိုက်ထိမှန်သွားလေသည်။ဒေါသချီလှိုင်းများထွက်ပေါ်လာပြီး ၄င်း၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားရာ ၄င်းမှာချက်ချင်းပေါက်ကွဲသွားလေတော့သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Wo Geschichten leben. Entdecke jetzt