အပိုင်း ၄၀၄ လျှို့ဝှက်ကုန်းမြေများလုံးဝထွက်ပေါ်လာခြင်း၊ တစ်လောကလုံးကိုဆန့်ကျင်၍
'' အဲ့ဒါ ချူခွမ်းရန်ပဲ...''
ယွမ်ရှန်းက လေးနက်စွာပြောသည်။
ထိုစကားကိုကြားသည့်အခါတွင် ကျောက်သမုဒ္ဒရာမျှော်စင်သခင် ကထိတ်လန့်သွားသည်။
'' ဘာ...ဘာလို့သူဖြစ်နေရတာလဲ...''
'' လီဇီက တစ်ခါက ကျောက်သမုဒ္ဒရာမျှော်စင်ရဲ့ အဖွဲ့သားဖြစ်ခဲ့တယ်၊ ကျုပ် ပထမဆုံးကလန်ကို စုံစမ်းစစ်ဆေးဖို့သွားတော့ အသုံးဝင်တဲ့ အချက်အလက်တစ်ခုမှ မတွေ့ခဲ့ရဘူး၊ဒါပေမဲ့ တော်ဝင်အဇူရာပြည်ထောင်ရဲ့မင်းသားဂူချန်းဂီက တိုင်းပြည်ကိုသစ္စာဖောက်ပြီးတော့ ခေါင်းကိုးလုံးမြွေနဂါးပုလဲကို ခိုးယူသွားတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဒီအဖြစ်အပျက်က စီနီယာအစ်ကို လီဇီနဲ့ တစ်မျိုးတစ်ဖုံပတ်သတ်နေတာ သေချာတယ်...''
'' ပြီးတော့ ကျုပ်နောက်ထပ် စုံစမ်းစစ်ဆေးလိုက်တော့ ချုခွမ်းရန်က ခေါင်းကိုးလုံးမြွေနဂါးကို တော်ဝင်အဇူရာပြည်ထောင်ကို ပြန်ပေးတယ်လို့သိလိုက်ရတယ်၊ ဖြစ်နိုင်တာက ချုခွမ်းရန်က အဲ့ဒီပုလဲကို ဂူချန်းဂီဆီကနေ ပြန်ရခဲ့တာမထင်ဘူး၊ စီနီယာအစ်ကို လီဇီကို သတ်ပြီး ပြန်ယူခဲ့တာလို့ပဲ ထင်တယ်...''
'' ဒီတော့ ချုခွမ်းရန်က စီနီယာအစ်ကို လီဇီကို သတ်ခဲ့တာအဖြစ်နိုင်ဆုံးပဲ...''
ယွမ်ရှန်းက လုံးဝသေချာပိုင်နိုင်စွာပြောသည်။
ကျောက်သမုဒ္ဒရာမျှော်စင်သခင်၏မျက်နှာက ဒေါသကြောင့်ရှုံ့မဲ့သွားပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အော်ရာက သူ၏ခန္ဓာကိုယ်မှပေါက်ကွဲထွက်လာ၏။
'' ချူခွမ်းရန်...ငါပထမဆုံးတော့ ဒီအစီအစဥ်မှာပါဝင်ဖို့ဒုတိယအကြိမ်စဥ်းစားမယ်လို့တွေးထားတာ၊ ဒါပေမဲ့ မင်းက ငါသဘောအကျရဆုံးတပည့်ကို သတ်ခဲ့မှတော့ မင်းအပေါ် ငါ့အမုန်းက မင်းမသေသရွေ့တည်ရှိနေလိမ့်မယ်...''
...
အခြားတစ်ဖက်တွင်...။
သေခြင်းထွတ်မြတ်နန်းတော်၌...။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...