အပိုင်း ၄၀၇ စစ်ကူများရောက်ရှိလာခြင်း၊ တည်ငြိမ်သောချူခွမ်းရန်

264 25 1
                                    

အပိုင်း ၄၀၇ စစ်ကူများရောက်ရှိလာခြင်း၊ တည်ငြိမ်သောချူခွမ်းရန်

ကောင်းကင်နက်ဂိုဏ်း၌။
ချူခွမ်းရန်သည် လျှို့ဝှက်ကုန်းမြေများ၏ စုပေါင်းတိုက်ခိုက်မှုအတွက် ပြင်ဆင်နေသော်လည်း တောင်အပြင်ဘက်မှ စွမ်းအင်တစ်ခုကို ရုတ်တရက် ခံစားရသည်။

“ ဟေး၊ ဒီစွမ်းအင်က...”
ချူခွမ်းရန်က အနည်းငယ်အံ့သြပုံရသည်။

သူ့ပုံရိပ်က ရပ်နေရာမှ ပျောက်ကွယ်သွားပြီ တောင်ထွက်ပေါ်အပြင်၌ ပြန်ပေါ်လာခဲ့သည်။ ၎င်းက မိုးတောင်ဂိုဏ်းဆရာနှင့် နှင်းမုန်တိုင်းဂိုဏ်းဆရာတို့သည် သူတို့၏ ကိုယ်ပိုင်စစ်သည်များကို ခေါ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။

“ ဂိုဏ်းချုပ်၊ ကျုပ်တို့ စစ်ကူလာပါတယ်”

ချူခွမ်းရန်က သူတို့ကို ကြည့်လိုက်သည်။

လူတော်တော်လေးများပြား၏။

သို့ရာတွင်၊ သူတို့အများစုက မြင့်မြတ်သခင်အဆင့်အောက် ဖြစ်သည်။ လျှို့ဝှက်ကုန်းမြေများကို အပထား၊ ကောင်းကင်နက်ဂိုဏ်းကို တိုက်ခိုက်လာသော မည်သည့် ကျပန်းကျင့်ကြံခြင်းနယ်မြေမဆို ထိုကောင်များကို လွှမ်းမိုးရန် လုံလုံလောက်လောက် သန်မာပေသည်။

သူတို့သာ တိုက်ပွဲထဲဝင်ပါက၊ သူတို့ခေါင်းများကို ရန်သူများထံ လည်စမ်းခံပေးသလို ဖြစ်နေပေမည်။

မည်သို့ပင်ဆိုစေကာမူ၊ ချူခွမ်းရန်သည် ဤဂိုဏ်းဆရာနှစ်ဦးက သူတို့လူတွေကို ခေါ်ဆောင်ပြီး ကူညီရန်လာသည်ကို မြင်သောအခါ သူ့အရင်ကို အလွန်ထိမိသွားစေ၏။

တစ်စုံတစ်ဦးအား အ‌ကောင်းဆုံးလုပ်နေချိန်မှာ ချီးကျူးသည်က ရိုးရှင်းသော်လည်း သူတို့အဆိုးရွားဆုံးအချိန်မှာ ကူညီသည်က ခက်ခဲပေသည်။

ကောင်းကင်နက်ဂိုဏ်း အောင်မြင်ပြီး သြဇာညောင်းသော အချိန်တုန်းက မရေမတွက်နိုင်သော အင်အားစုများသည် သူတို့၏ မျက်နှာသာပေးမှု ရချင်ကြသည်။ ထိုလူများသည် လက်ဆောင်များပေး၍၊ ချီးမွှမ်းကြ၏။ ချူခွမ်းရန်က အရာအားလုံး မြင်ဖူးလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now