အပိုင်း ၃၉၂ ပညာရှင်စုပေါင်းအင်အား

386 38 0
                                    

အပိုင်း ၃၉၂ ပညာရှင်စုပေါင်းအင်အား၊ ချူခွမ်းရန်ကို အင်ပါယာနန်းတော်ဆီဝင်ရောက်ခြင်းမှ တားဆီးရန်

ချူခွမ်းရန်သည် အဖြူရောင်လက်ရှည် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်များက လေထဲ၌ လွင့်မျောနေ၏။

သူ့ကို မြင်သောအခါ လူတိုင်း၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

“ ချူခွမ်းရန် ရောက်လာပြီ”

“ လခွမ်းပဲ၊ သူက အင်ပါယာနန်းတော်မှာ ပျော်ဖို့ လာခဲ့တယ်။ သူ ဒီမှာရှိနေရင် အခြားသူတွေအတွက် အခွင့်အရေးရှိမှာတဲ့လား”

“ သူတို့ အလျှော့ပေးမှာလား...''

“ အခွင့်အရေးမရှိဘူး”

လူအုပ်ကြီးသည် သက်ပြင်းများချရင်း တီးတိုးပြောနေကြ သည်။

လူတိုင်းသည် ချူခွမ်းရန်ကို အခြားသူများထက် ခြားနားသောအဆင့်တွင်ရောက်နေသော ကောင်းကင်သားတော်တစ်ဦးအဖြစ် မြင်ကြ၏။ သူ့နှင့်ဖက်ပြိုင်လျှင် အခြားသူများအတွက် အခွင့်အရေးမရှိပေ။

သူသာ အင်ပါယာနန်းတော်ထဲသွားပါက၊ လူတိုင်းကိုဖိနှိပ်ပြီး အရာအားလုံးကို သိမ်းကျုံးယူသွားပေမည်။

“ ဒီခွေးကောင်၊ သူ့ကို သွားခွင့်မပေးနိုင်ဘူး။ သူ့စွမ်းရည်နဲ့ဆို၊ ဒီအင်ပါယာရဲ့ ကံကြမ္မာအခွင့်အလမ်းက သူ့လက်ထဲ အကုန်ရောက်သွားမှာ...”

လျှို့ဝှက်ကုန်းမြေများ၏ ပညာရှင်များက အချင်းချင်း ကြည့်လိုက်ကြသည်။

ပညာရှင်တစ်ဦးက ချူခွမ်းရန်ရှေ့တွင် ရပ်ပြီး ပြုံးလျက် ပြော၏။

“ မင်းကို ဒီမှာမြင်ရမယ်လို့ မထင်ထားဘူး၊ ညီလေးချူ”

ချူခွမ်းရန်က မျက်စောင်းတစ်ချက် ထိုးလိုက်၏။

“ ဘေးဖယ်”

ထိုပညာရှင်က သူ့ကို ဖြတ်ကျော်သွားခွင့်ပေးရန် ရည်ရွယ်ချက် မရှိချေ။ သူက ပြုံးလျက် ပြော၏။

“ ညီလေးချူ၊ မင်းက ကျင့်ကြံခြင်းနယ်မြေတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂိုဏ်းချုပ်လေကွာ။ ဒီကံကြမ္မာအခွင့်အလမ်းကို မင်းရဲ့ ဂျုနီယာလေးတွေနဲ့ ဖက်ပြိုင်ပြီး မလုနေပါနဲ့”

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now