အပိုင်း ၄၃၈ တော်လှန်ပုန်ကန်ခြင်း၊ တော်ဝင်အဇူရာပြည်ထောင်၏လက်ရှိအခြေအနေ

264 18 0
                                    

အပိုင်း ၄၃၈ တော်လှန်ပုန်ကန်ခြင်း၊ တော်ဝင်အဇူရာပြည်ထောင်၏လက်ရှိအခြေအနေ

ချုခွမ်းရန် မဟာအစီအရင်ထဲမှထွက်လာသောသတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ချက်ချင်းပျံနှံ့သွားခဲ့သည်။စွမ်းအားကြီးသော အင်အားစုအကုန်လုံးသည် ထိုသတင်းကိုချက်ချင်းလက်ခံရရှိကြသည်။

   ချူခွမ်းရန်သည် ကောင်းကင်ဘုံအပြစ်ပေးချိပ်တံဆိပ်၏ အောက်တွင်သာရှိနေသော်လည်း သူထွက်ပေါ်လာမှုက တစ်ကမ္ဘာလုံးကို စိုးရိမ်စိတ်မြင့်တက်စေသည်။

   တစ်ယောက်ကမှ သူ၏တည်ရှိမှုကို လျစ်လျူမရှုရဲကြပေ။ပြောရလျှင် တစ်ယောက်မှ မဝံ့ရဲကြချေ။

ရွှေရောင်ကောင်းကင်ဘုံနန်းတော်တွင်...။
ကြောက်မက်ဖွယ်ကောင်းသောအော်ရာတစ်ခုက တောင်ထိပ်တစ်ခုပေါ်မှနေ၍ ပေါက်ကွဲကာထွက်လာ၏။

    ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူငယ်တစ်ဦးက စွမ်းအားကြီးသောအော်ရာများဝန်းရံလျက် လမ်းလျှောက်ထွက်လာ၏။ထိုလူငယ်သည် ရှောင်လင်းတန်ပင်ဖြစ်သည်။

သူသည် ရွှေရောင်ကောင်းကင်ဘုံနန်းတော်တွင် ဒုတိယကောင်းကင်သားတော်ဖြစ်သည်။

“ ချူခွမ်းရန် နောက်ဆုံးတော့မင်းထွက်လာပြီပေါ့…”

“ ဒီလိုဆိုမှတော့ ငါလုပ်မယ့်အရာအတွက်အပြစ်မတင်ဖို့မျှော်လင့်တယ်၊မင်းငါ့ကိုအကြိမ်ပေါင်းများစွာ အရှက်ခွဲခဲ့တာတွေ အတွက်သေချာပေါက်ပြန်ပေးဆပ်ရအောင်လုပ်မယ်...။”

   ထို့နောက် ရှောင်လင်းတန်သည် အလင်းတန်းအသွင်ပြောင်းသွားကာ မြင်ကွင်းမှပျောက်ကွယ်သွားလေသည်။

ရှောင်လင်းတန်အပြင် တခြားကောင်းကင်သားတော်များစွာတို့သည်လည်း လှုပ်ရှားရန်စီစဥ်နေကြသည်။အထူးသဖြင့် လွန်ခဲ့သော သုံးနှစ်က သူနှင့် တပွဲတလမ်းအကဲစမ်းဖူးကြသော သူများဖြစ်ကြသည်။
တစ်လောကလုံးက ချူခွမ်းရန်ကိုစောင့်ကြည့်နေကြလေသည်။

သို့သော် သူက ဘယ်ကိုရောက်နေသနည်း။

ချူခွမ်းရန်က တော်ဝင်အဇူရာပြည်ထောင်သို့ရောက်ရှိနေလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Donde viven las historias. Descúbrelo ahora