အပိုင်း ၃၉၇ ယွမ်ဝူတောက်ကို သတ်ဖြတ်ခြင်း၊ ငါ့မှာအကြံတစ်ခုရှိတယ်၊ မင်းတို့ကိုဝင်ခွင့်မပြုနိုင်ဘူး
သွေးနဂါးလက်သည်းဖြင့်ဆိုလျှင် ယွမ်ဝူတောက်၏ စွမ်းအားသည် ဆက်တိုက်မြင့်မားသွားမည်မှာသေချာ၏။
လက်သည်းတစ်ချက်ကုတ်လိုက်လျှင် ဟင်းလင်းပြင်ကိုပင် ဆွဲဖြဲပစ်နိုင်လေသည်။ကြက်သွေးရောင်နတ်ဆိုးချီအမြောက်အများက လေထုထဲတွင်ထွက်ပေါ်လာပြီး ချူခွမ်းရန်ဆီသို့ တဟုန်ထိုးတိုးဝင်လာ၏။
ချူခွမ်းရန်က လက်ကိုမြောက်လိုက်ပြီး နတ်ဆိုးချီများကို အားစိုက်ထုတ်စရာမလိုပဲ ဖျက်စီးလိုက်၏။
သူတို့နှစ်ယောက်ကြားရှိ စွမ်းအားကွာခြားချက်မှာ အလွန်ကြီးမားသဖြင့် ယွမ်ဝူတောက်သည် သူ၏သွေးနဂါးလက်သည်းဖြင့်ပင် ချူခွမ်းရန်ကို လိုက်မီရန် အများကြီးလိုသေးလေသည်။
'' သေစမ်း...ချူခွမ်းရန်သေစမ်း၊ ကောင်းကင်ဆန္ဒအရသေစမ်း...''
သို့သော်ယွမ်ဝူတောက်က စွမ်းအားကွာခြားချက်ကိုသတိမထားမိသည့်အလား သူ၏လက်သည်းဖြင့်ရှေ့သို့ကုတ်ချလိုက်၏။နီရဲတောက်နေသော မျက်လုံးများက သူ့ကိုရူးသွပ်သွားသည်ဟုထင်ရစေ၏။
ယွမ်ဝူတောက်သည် သွေးနဂါးလက်သည်းကိုကောင်းစွာမထိန်းချုပ်နိုင်ဖြစ်နေသည်ကို ချူခွမ်းရန်ပြောနိုင်၏။ပြောရလျှင် သူကလက်နက်၏ မကောင်းသောစိတ်ဆန္ဒ၏ ထိန်းချုပ်ခြင်းကိုပင် ခံနေရသည်။
အကယ်၍ သူသာ ထိုလက်နက်ကိုအချိန်ကြာအောင် အသုံးပြုမည်ဆိုလျှင် သူသည် နတ်ဆိုး၏လွမ်းမိုးမှုကိုခံရပြီး နောက်ဆုံးတွင် သတ်ဖြတ်ရမည်ကိုသာသိသော ရူးသွပ်သွားသည့် သူတစ်ယောက်ဖြစ်သွားပေလိမ့်မည်။
'' စောစောက သူရစ်ပတ်ခံလိုက်ရတာဒါကြောင့်ကိုး၊ အဲ့ဒီပတ်တီးစက နတ်ဆိုးစိတ်ဆန္ဒတွေကို သူ့ဆီမဝင်နိုင်အောင် တားဆီးထားတာပဲ...''
ချူခွမ်းရန်က ရေရွတ်လိုက်သည်။
သွေးနဂါးလက်သည်း၏ စွမ်းအားအပြည့်အဝကိုနားလည်သွားပြီးနောက်တွင် ချူခွမ်းရန်သည် သူတို့၏တိုက်ပွဲကို ဆက်လက်ရန်စိတ်မဝင်စားတော့ချေ။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...