အပိုင်း ၄၅၆ ဝတ်လုံဖြူဝတ်ဗိုလ်ချုပ်၏ ပျောက်ဆုံးမှု

202 8 0
                                    

အပိုင်း ၄၅၆
ဝတ်လုံဖြူဝတ်ဗိုလ်ချုပ်၏ ပျောက်ဆုံးမှု၊ ရှေးဟောင်းစစ်မြေပြင်၏ ဗဟိုနယ်မြေသို့ ပြန်လာခြင်း

ကောင်းကင်ရွှေအင်ပါယာနန်းတော်အတွင်း။
ရှောင်ကျင်းရှန်က ပညာရှင် တစ်ဦးဖြစ်လာပြီးနောက် စိတ်ဓာတ်တက်ကြွမှုက ကောင်းကင်ရွှေအင်ပါယာနန်းတော်တစ်ခုလုံးကို ပြည့်နှက်နေသည်။

အမျိုးသမီးအချို့သည်ပင် မိန်းကလေးပရိတ်သတ်များ ဖြစ်လာ၏။

" သခင်ငယ်၊ ပညာရှင် တစ်ဦး ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် "

ပညာရှင်အုပ်စိုးသူ ချန်ချင်သည် ပညာရှင်တစ်အုပ်ကို ရှောင်ကျင့်ချမ်ဆီ ခေါ်လာခဲ့သည်။

ရှောင်ကျင်းရှန်သည် သူတို့မတိုင်မီ နှစ်ထောင်ပေါင်းဒါဇင်ချီကတည်းက မွေးဖွားခဲ့ခြင်း ဖြစ်၏။ စီနီယာကျမှုကို အခြေခံရလျှင် သူ့အား သခင်လေး ခေါ်သည်က သင့်တော်ပေသည်။

" အင်း"
ရှောင်ကျင်းရှန်က ပြုံးလျက် ခေါင်းညိမ့်သည်။ သူသည် ခုနှစ်ရောင်ခြယ် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်၍ ပညာရှင်တစ်ဦး အောင်မြင်စွာ ဖြစ်လာသည့်အတွက် ဝမ်းမြောက်မိသည်။

ယခုအခါ၊ သူသည် အင်ပါယာလောင်းဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

" အို့... ကောင်းပြီ၊ ရှောင်လင်းတန်က ဘယ်လိုလဲ"
ရှောင်ကျင်းရှန်က ရုတ်တရက် မေးလိုက်သည်။

သူသည် ကောင်းကင်ရွှေအင်ပါရီယန်ခန္ဓာကို ပိုင်ဆိုင်ထားသော ရှောင်လင်းတန်အား အတော်လေး ဂရုစိုက်ပေသည်။

သူ့အား သူ၏ အနာဂတ်ညာလက်ရုံးအဖြစ် မြေတောင်မြှောက်ပေးရန် စီစဉ်ထား၏။

သို့ရာတွင်၊ သူ့မေးခွန်းကြောင့် ပညာရှင်အုပ်စိုးသူ ချန်ချင်နှင့် အခြားသူများ၏ အမူအရာက ရုတ်တရက် တင်းမာသွားသည်။

" ဘာဖြစ်လို့လဲ"
ရှောင်ကျင်းရှန်က မျက်မှောင်ကြုတ်လျက် မေးသည်။

" သခင်ငယ်... ရှောင်လင်းတန်၊ သူ.... သူ သေသွားပြီ "

ပညာရှင်အုပ်စိုးသူ ချန်ချင်သည် အသက်ပြင်းပြင်း ရှုပြီး ဖြေလိုက်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Donde viven las historias. Descúbrelo ahora