အပိုင်း ၄၀၀ အင်ပါယာ၏ အမွေအနှစ်၊ အနာဂတ်၌ ကြီးမားသော အရာ

477 40 0
                                    

အပိုင်း ၄၀၀  အင်ပါယာ၏ အမွေအနှစ်၊ အနာဂတ်၌ ကြီးမားသော အရာ၊ ပညာရှင်များ၏ ဆုံးဖြတ်ချက်

“ အခု မင်း စမ်းသူမှုကို ပြီးသွားပြီ၊ ငါ့အမွေကို မင်းဆက်ခံထိုက်ပါတယ်”

ချမ်အင်ပါယာက ရယ်မောလိုက်သည်။

ထို့နောက်တွင်၊ သူသည် သူ့လက်ကို ဝေ့လိုက်ပြီး ပစ္စည်းသုံးခုကို ထုတ်ဖော်၏။

ပစ္စည်းသုံးခုကား သစ်သားသတ္တာတစ်ခု၊ အဝါရောင်စာအုပ်ငယ်တစ်အုပ်နှင့် လူသတ်ချီများ ဖြာထွက်နေသော အနက်ရောင်ချပ်ဝတ်တစ်ထည် ဖြစ်သည်။

အခြားပစ္စည်းနှစ်ခုကို ပြောစရာမလိုဘဲ ထိုချပ်ဝတ်သက်သက်ကပင် ချူခွမ်းရန်၏ စိတ်ဝင်စားမှုကို လုံလုံလောက်လောက် ဆွဲဆောင်နိုင်၏။ သူ၏ ရတနာရှာဖွေခြင်းစွမ်းရည်မှတဆင့်၊ သူသည် ထိုအနက်ရောင်ကျပ်ဝတ်က မယုံနိုင်လောက်အောင် စွမ်းအားကြီးသော... အင်ပါယာလက်နက်တစ်ခုဖြစ်ကြောင်း သူပြောနိုင်သည်။

“ ဒီသစ်သား သတ္တာမှာ စာလိပ်တစ်ခုရှိပြီးတော့ စာအုပ်ငယ်လေးတော့ ငါကိုယ်တိုင် ရေးသားပြုစုထားတဲ့ အင်ပါယာနည်းစနစ်ခု ဖြစ်တယ်။ အဲဒီမှာ ငါ့ကျင့်ကြံခြင်းအတွေ့အကြုံတစ်ချို့ကိုလည်း မှတ်တမ်းတင်ထားတယ်။ ဒီချပ်ဝတ်ကတော့ ဒါက ငါငယ်ငယ်ကတွေ့ခဲ့ရတဲ့ အင်ပါယာချပ်ဝတ်ပဲ ငါ့မှာ အလားတူအင်ပါယာလက်နက်တစ်ခုရှိနေတော့ အခြားသူတွေအတွက် ဒီမှာ ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်”

“ ဒီပစ္စည်းသုံးခုက ငါချန်ထားခဲ့တဲ့ ကံကြမ္မာအခွင့်အလမ်းပဲ”

“ အနာဂတ်ကောင်းကင်သားတော်၊ ဒီစိတ်အာရုံကိုယ်ပွားမပျောက်သွားခင်မှာ မင်းကို ပြောစရာတစ်ခုရှိတယ်။ ဒါက မဟာစစ်ပွဲကြီးများခေတ်ဖြစ်တယ်။  မဟာလမ်းစဥ်ပေါ်ပေါက်လာတဲ့ ခေတ်ရဲ့ နှစ်ထောင်ပေါင်းများစွာ အဆုံးသတ်ပြီးနောက်မှာ၊ ဒီမဟာပြောင်းလဲမှုက ဆင်းရဲချို့တဲ့မှုကနေ ချမ်းသာကြွယ်ဝမှုသို့ ဖြစ်စေတာကြောင့် ကောင်းကင်ကြယ်တာရာသာမက ကောင်းကင်ဘုံကိုးခုမှ လူတွေပါ အင်ပါယာတစ်ပါးဖြစ်မယ့် အခွင့်အလမ်းအတွက် ယှဥ်ပြိုင်ဖို့ စိတ်ဝင်စားကြတယ်”

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Onde histórias criam vida. Descubra agora