အပိုင်း ၃၉၅ အင်ပါယာသွေးတစ်စက်၊ စစ်မှန်သော ချမ်အင်ပါယာနန်းတော်၊ ကံကြမ္မာအခွင့်အလမ်း အမှန်
“ အစ်ကိုချူ၊ မင်းဘာလို့ ဒီကို ရောက်လာပြန်တာလဲ”
ရောက်လာသောသူက တကယ်ပင် ချူခွမ်းရန်ဖြစ်၏။
သူသည် ဤကျောက်စာတိုင်ပတ်လည်၌ လူအုပ်ကို မြင်၌ သိချင်စွာ လာခဲ့ခြင်း ဖြစ်သည်။ သူသည် ကျောက်စာတိုင်ထိပ်ပေါ်တွင် စာလုံးသေးသေးလေးများကိုလည်း မြင်လိုက်ရ၏။
သူ၏ တာအိုနည်းစနစ်များပေါ် နားလည်မှုကို အခြေခံ၍ တစ်ချက်ကြည့်ရုံဖြင့် နည်းစနစ်တစ်ခုဖြစ်ကြောင်း ပြောနိုင်သည်။ ကျောက်စာတိုင်ပေါ် ရေးထိုးထားသော နည်းစနစ်သည် သိုင်းပညာတာအိုနှင့် ဆက်စပ်နေသော ဆန်းကြယ်အင်ပါယာတစ်ပိုင်းနည်းစနစ်တစ်ခု ဖြစ်သည်။
သူသည် အင်ပါယာတစ်ပိုင်းနည်းစနစ်တစ်ကို စိတ်ဝင်စားခြင်း မရှိပေ။
မည်သို့ဆိုစေ၊ သူ့မှာ အင်ပါယာနည်းစနစ်ခုနှစ်ခု ရှိပြီး မဟုတ်လား။
သို့ရာတွင်၊ သူသည် ဤကျောက်ပြားအတွင်းရှိ ကံကြမ္မာကို စိတ်ဝင်စား၏။
ထို့ကြောင့်၊ သူသည် လူအုပ်ကို ကျော်ဖြတ်ပြီး ၎င်းကို စတင်လေ့လာတော့သည်။
သူ ချဥ်းကပ်လာသည်ကို မြင်သောအခါ လူအုပ်က အတော်လေး အံ့သြသွားသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူတို့သည် ဤကျောက်စာတိုင်ရှိ ကျင့်ကြံခြင်းနည်းစနစ်များကို စတင်ထိုးထွင်းသိမြင်လာကြာသောကြောင့် သူ့ကို ဂရုမစိုက်ကြတော့ချေ။
ဤကံကြမ္မာအခွင့်အလမ်းသည် လူတစ်ဦးထိုးထွင်းသိမြင်မှုစွမ်းရည်ကို စမ်းသပ်ပြီး တိုက်ခိုက်ရေးခွန်အားကို မဟုတ်ချေ။
ဘာများ ကြောက်စရာလိုလို့လဲ။
သူတို့အားလုံးက ကောင်းကင်သားတော်များဖြစ်ပြီး သူတို့၏ အသိဉာဏ်အပေါ် ယုံကြည်မှုအတော်လေး ရှိသည်။ချူခွမ်းရန်က တိုက်ခိုက်ရေးစွမ်းအားတွင် အလွန်အစွမ်းထက်သော်လည်း အသိဉာဏ်ဖြင့် ၎င်းတို့ကို အနိုင်ယူနိုင်မည်ဟု မယုံကြည်ပေ။
BẠN ĐANG ĐỌC
Hành độngအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...