အပိုင်း ၄၂၃ ငါ့ရဲ့ အကြီးဆုံးဝှက်ဖဲက ကောင်းကင်ပေါ်မှာပဲ

261 25 0
                                    

အပိုင်း ၄၂၃  ငါ့ရဲ့ အကြီးဆုံးဝှက်ဖဲက ကောင်းကင်ပေါ်မှာပဲ၊ ကိုးရောင်ခြယ်ကောင်းကင်ဘုံအတိဒုက္ခ၊ ကျင့်ကြံသူတစ်သိန်းက ကောင်းကင်ဘုံအတိဒုက္ခပွဲတော် ဆင်နွဲခြင်း

ချူခွမ်းရန်သည် အင်ပါယာတစ်ပိုင်းများ၏ တိုက်ခိုက်မှုများကို လုံးဝ မတိုက်ခိုက်နိုင်တော့ပေ။

သူ့နှင့်အတူ အင်ပါယာလက်နက်နှစ်ခု ရှိသော်လည်း မရနိုင်တော့ချေ။ 

သူ၏ အုတ်မြစ်များက မည်မျှပင် ခိုင်မာနေပါစေ၊ သူ့ကျင့်ကြံခြင်းအဆင့်က ပညာရှင်အောက်သာ ဖြစ်၏။ သူသည် အင်ပါယာလက်နက်များမှ စွမ်းအားများစွာ ဆွဲထုတ်နိုင်သော်လည်း အင်ပါယာတစ်ပိုင်းများအတွက် ပြိုင်ဘက်လုံးဝ မဟုတ်ချေ။

သို့ရာတွင်၊ ဤကဲ့သို့ မျှော်လင့်ချက်မဲ့အခြေအနေနှင့် ရင်ဆိုင်ရာ၌ပင်၊ ချူခွမ်းရန်က ရယ်မောနေလေသည်။

အင်ပါယာတစ်ပိုင်းနှစ်ဦးအပါအဝင် အခင်းဖြစ်ရာရှိ ကျင့်ကြံသူတိုင်း ပဟေဠိဖြစ်သွား၏။

“ ဒီသောက်ရူးကောင်က စိတ်လွတ်သွားပြီလား”

“ ချူခွမ်းရန်က အင်ပါယာတစ်ပိုင်းတွေကို လုံးဝ မတိုက်ခိုက်နိုင်ဘူး။ သေချာတာပေါ့၊ သူ့မှာ အင်မော်တယ်စွမ်းရည်ရှိကောင်းရှိနိုင်မယ်၊ ဒါပေမယ့် ဘာဖြစ်လဲ။ ဒါက အင်ပါယာတစ်ပိုင်းတွေအတွက်တော့ သူ့ကို ထိန်းချုပ်ဖို့ လွယ်လွယ်လေးပဲ‌လေ ”

“ အခု ဒီသောက်ရူးကောင်က ဘာလို့ ရယ်နေတာလဲ”
လူတိုင်းက စိတ်ရှုပ်ထွေးသွားသည်။

ပညာရှင်အုပ်စိုးသူများပင် တစ်ခုခု မှားနေကြောင်း ခံစားမိ၏။

“ မင်း ဘာကို ရယ်နေတာလဲ၊ ခွေးသား”

အင်ပါယာတစ်ပိုင်း ချန်ခွမ်းက ဒေါသထွက်စွာ ပြောသည်။ သူ့အတွက်၊ ချူခွမ်းရန်၏ ရယ်သံက သူတို့အပေါ် ဒေါသဖြစ်စရာ အမူအရာမှလွဲ၍ ဘာမှမဟုတ်ချေ။

ပညာရှင်အဆင့်အောက် လူတစ်ဦးအတွက်၊ အင်ပါယာတစ်ပိုင်းနှစ်ဦး၏ လက်တွင်း၌ အနိုင်ယူခံခြင်းက ဂုဏ်ယူစရာပင်။ ဟုတ်၏၊ သူတို့က ချူခွမ်းရန်ကို မသတ်နိုင်ရုံတင်မက သူက ရယ်မောနေလေသေးသည်။ ၎င်းက အင်ပါယာတစ်ပိုင်းမျာကို အရှက်ရစေ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Donde viven las historias. Descúbrelo ahora