အပိုင်း ၄၆၂ ချူခွမ်းရန်ကို အတင်းစကားပြောခြင်း၊ တာအိုဆရာရှ က အဆင့်ချိုးဖြတ်ခြင်း၊ သူတို့နှင့် ဘာမှ လုပ်စရာမလိုဘူး
ရှောင်ကျန်းရှန်နှင့် တာအိုဆရာ ရှတို့၏ ချူခွမ်းရန်ကို စိန်ခေါ်သည့် သတင်းက ကောင်းကင်ကြယ်တာရာ တစ်ခွင်လုံး ပျံ့နှံ့သွား၏။ ကျင့်ကြံသူတိုင်းသည် ဖြစ်ရပ်နောက်ကို လိုက်သုံးသပ်ကြသည်။
လူတိုင်းသည် ချူခွမ်းရန်၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေ၏။
သို့ပေမည့်၊ သုံးရက်သာ ကုန်သွားသည်။ သေခြင်းရှင်ခြင်း စိန်ခေါ်သည့်တိုင် ချူခွမ်းရန်ဆီမှ တုန့်ပြန်မှုကိုသာမက သူ့အရိပ်အယောင်ကိုပင် မတွေ့ရပေ။
ကြီးမြတ်သူတိုင်းသည် တစ်ချိန်တည်းမှာ သူ့ကို ရှာဖွေနေကြ၏။
သူတို့၏ စိတ်အာရုံများသည် ကောင်းကင်ကြယ်တာရာ တစ်ခွင် ဖြတ်သန်းသွားလာနေသော်လည်း ရှာမတွေ့ပေ။
ချူခွမ်းရန် မည်မျှ စွမ်းအားကြီးသည်ကို အခြေခံလျှင် သူ့အတွက် ပုန်းကွယ်ရန်က ငှက်ပျောသီးကို အခွံ နွှာသကဲ့သို့ လွယ်ကူလှပေသည်။ သူသာ အလိုရှိလျှင် မည်သူတစ်ဦးမျှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
' သူက ကမ္ဘာပေါ်မှ ပုန်းနေတာလား'
၎င်းသည် ကျင့်ကြံသူများ ကြားသိရသော အဖြစ်နိုင်ဆုံး အရာဖြစ်၏။
' ချူခွမ်းရန် ပုန်းနေတာလား"
' အို ကောင်းကင်ဘုံ '
' မင်း ငါ့ကို နောက်နေတာလား။ ကျုပ်တို့ အခုဒီမှာ ပြောနေတာက သမိုင်းတစ်လျှောက် အတော်ဆုံးကျင့်ကြံသူဖြစ်တဲ့ ချူခွမ်းရန်လေ။ သူ့လို အရူးတစ်ကောင်က ကမ္ဘာပေါ်ကနေ ဘယ်လိုလုပ် ပုန်းနေမှာလဲ '
လူအများစုသည် အချို့သော ပြဿနာများကြောင့် သူ မလာနိုင်ဘူးဟု ယုံကြည်ကြ၏။
သို့ရာတွင်၊ ရွှေရောင်ကောင်းကင်ဘုံနန်းတော်မှ တပည့်များက ထိုသို့ တွေးပုံမရချေ။ သူတို့တွေးသည်က ချူခွမ်းရန်သည် ရှောင်ကျန်းရှန်ကို ကြောက်ရွံ့နေပြီး သူ၏ စိန်ခေါ်မှုကို လက်မခံရဲချေ။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...