အပိုင်း ၄၁၂ ခရမ်းသွေးအစီအရင်ထဲသို့ဝင်ရောက်လာခြင်း
235 24 0
အပိုင်း ၄၁၂ ခရမ်းသွေးအစီအရင်ထဲသို့ဝင်ရောက်လာခြင်း၊ တိမ်ပင်လယ်ကြားမှနဂါး၊ ထူးဆန်းစွာရွေ့လျားနေသော တိမ်တိုက်များ၊ ခုခံရန်မဖြစ်နိုင်...
တရစပ်ပြောင်းလဲနေသော တိမ်မြူခုများကြားတွင် ပညာရှင်များ၏ထွက်လမ်းကို ဓားချီလှိုင်းများဖြင့် ပိတ်ဆို့ထားခြင်းကိုခံရ၏။
ပြင်းထန်သော ဓားချီများက ကောင်းကင်ထက်မှပစ်ချနေ၏။
စွမ်းအားကြီးသော ပညာရှင်များဖြစ်သော်ငြားလည်း သူတို့က ထိုဓားချီစွမ်းအားကို ခံနိုင်ရည်မရှိခဲ့ကြပေ။မျက်စိတမှိတ်အတွင်းမှာပင် သူတို့က ထိုဓားချီများကြောင့် တစ်စစီဖြစ်သွားရသည်။
ထိုအဖြစ်အပျက်က အပြင်ဘက်တွင်ရှိနေသောစစ်တပ်ကြီးကို ဆွံ့အသွားစေခဲ့သည်။
ကျင့်ကြံသူများက သူတို့အမြင်များမှားနေသလားဟု တုန်လှုပ်ချောက်ချားစွာဖြင့် မျက်လုံးများကို ပွတ်သတ်ကြည့်လိုက်ကြသည်။
ထိုတိမ်မြူထူများက အလွန်အန္တရာယ်များလွန်းသည်။
ပညာရှင်များသည်ပင် တစ်ချက်ဂရုမပြုမိရုံလောက်နှုင့် အသတ်ခံလိုက်ရသည်။
တားမြစ်နယ်မြေ ဆယ်ခုကတောင် ဒီလောက်အန္တရာယ်များလို့လား...။
'' ဒီတိမ်ပင်လယ်ကြီးက ဘာလဲဟ၊ ဘာလို့ ဒီလောက်အန္တရာယ်များရတာလဲ၊ အဲ့ဒါက ပညာရှင်တွေကိုတောင်သတ်နိုင်တယ်၊ ကြောက်စရာကောင်းလွန်းတယ်...''
'' ကောင်းကင်နက်ဂိုဏ်းက ဘယ်လိုလုပ်လိုက်တာလဲ...''
'' ဒါက...''
တစ်သန်းခန့်ရှိသော ကျင့်ကြံသူစစ်တပ်ကြီးအပါအဝင် ကောင်းကင်နက်ဂိုဏ်း၏ပိုင်နက်အပြင်ဘက်ရှိ စောင့်ကြည့်နေကြသော ကျင့်ကြံသူများကပါ တုန်လှုပ်သွားကြသည်။
နောက်ဆုံးတော့ သူတို့အားလုံးသည် ဤမျှအစွမ်းထက်သော အစီအရင်နည်းစနစ်ကိုတစ်ခါမှ မမြင်ဖူးဘူး မဟုတ်ပါလား...။
'' ကောင်းကင်နက်ဂိုဏ်းက ဘာလှည့်ကွက်တွေသုံးနေတာလဲ၊ ကောင်းကင်ဓားအစီအရင်က သူတို့ရဲ့တစ်ခုတည်းသော အစီအရင်မဟုတ်ဘူးလား၊ ဒါကို ဘယ်အချိန်က တပ်ဆင်လိုက်တာလဲ...''