အပိုင်း ၄၁၇ နောက်ဆုံးတော့ကောင်းကင်နက်ဂိုဏ်းဝင်ပေါက်ကိုရောက်လာပြီ

263 27 0
                                    

အပိုင်း ၄၁၇ နောက်ဆုံးတော့ကောင်းကင်နက်ဂိုဏ်းဝင်ပေါက်ကိုရောက်လာပြီ၊ ဖြစ်နိုင်တယ်လို့ထင်တယ်

'' လာလေရော့...''

ဟူသော စကားလုံးထွက်ပေါ်လာသည်နှင့် အခြေမဲ့ချောက်နက်မြို့အရှင်၏ ပုလဲမှထုတ်လွှတ်နေသော ကျယ်ပြောလှသော ရေစီးစွမ်းအားက အရှိန်အပြည့်ဖြင့် နောက်ပြန်ဆုတ်သွားလေသည်။

ထိုမျှသာမဟုတ် ၄င်းကဤတစ်ကြိမ်တွင် အရင်ကထက်ပိုပြီး စွမ်းအားကြီးကာ ပြင်းထန်ပုံရလေသည်။၄င်းက ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီလှိုင်းကြီးအသွင်ပြောင်းကာ ကျင့်ကြံသူစစ်တပ်ကြီးကို ဝါးမျိုသွားလေတော့သည်။

ထိုစစ်တပ်ထဲတွင်ရှိနေသော ပညာရှင်များစွာ အထူးသဖြင့် ပင်လယ်ကျွန်းသုံးဆယ့်ခြောက်ခုမှ ပညာရှင်များက ထိုဆူနာမီလှိုင်းကြီးကို မြင်လိုက်ရသောအခါ ဖြူဖျော့သွားကြလေတော့သည်။ထိုဆူနာမီလှိုင်းကြီးက ချူခွမ်းရန် သူတို့၏ ပင်လယ်ပြင်ကိုဇောက်ထိုးမှောက်ခုံလုပ်တုန်းက အသုံးပြုခဲ့သော ဆူနာမီလှိုင်းကြီးနှင့်အလားတူလှသည်မဟုတ်ပါလား...။

ထိုစွမ်းအားက ကျွန်းတစ်ကျွန်းကိုပင် တစ်ခဏအတွင်းဖျက်စီးပစ်နိုင်လေသည်။

ယခု သူတို့၏ရှေ့တွင် ထိုစွမ်းအားကိုပြန်တွေ့နေရသည်။

'' ချီးပဲ...နပ်ပကျွန်းအင်ပါယာသုံးခွခက်ရင်းက ချူခွမ်းရန်ဆီမှာရှိနေမှတော့ ငါတို့က ရေစီးစွမ်းအားကိုသုံးပြီးတော့ သူ့ကိုတိုက်ခိုက်လို့မရဘူး...။ ဒါကဆိုးရွားတာပဲ...''

'' ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ ဆူနာမီလဲ...''

'' ဒီစွမ်းအင်လှိုင်းက အရမ်းအားကောင်းတယ်...''

ဆောက်တည်ရာမရဖြစ်နေကြသော ကျင့်ကြံသူစစ်တပ်ကြီးနှင့်မတူပဲ အခြေမဲ့ချောက်နက်မြို့အရှင်က အလွန်တည်ငြိမ်နေသည်။သူ၏မျက်နှာပေါ်တွင် အလေးအနက်အမူအရာမျိုးရှိနေသော်လည်း သူက တုန်လှုပ်ခြင်းလုံးဝမရှိချေ။

သူက ချူခွမ်းရန် ဤကဲ့သို့ပြန်လည်တိုက်ခိုက်မည်ကို ခန့်မှန်းထားပုံရသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now