အပိုင်း ၄၅၃ မင်းကို ငါ့ရဲ့ဘိုးဘေးအဖြစ်ကိုးကွယ်ရင် ကိုးကွယ်လောက်တယ်

146 8 0
                                    

အပိုင်း ၄၅၃ မင်းကို ငါ့ရဲ့ဘိုးဘေးအဖြစ်ကိုးကွယ်ရင် ကိုးကွယ်လောက်တယ်၊ အငြိုအတေးဝိဥာဥ်သားရဲ ကြက်သွေးရောင်ကျားသစ်

“ ချူခွမ်းရန်...မင်းသာ ကျောက်သမုဒ္ဒရာမျှော်စင်မှာ မွေးဖွားလာခဲ့ရင် ငါမင်းကို ငါ့ရဲ့ဘိုးဘေးအဖြစ်နဲ့တောင် ကိုးကွယ်နိုင်တယ်...”

ကျောက်သမုဒ္ဒရာမျှော်စင်အရှင်က ရေရွတ်လိုက်၏။ချူခွမ်းရန်ကို စိုက်ကြည့်နေသော သူ၏မျက်လုံးများထဲတ္ငင် ခံစားချက်များ ရောထွေးနေသည်။၎င်းတို့က စိတ်ပျက်အားငယ်မှုနှင့် နောင်တတရားတို့ဖြစ်ကြသည်။

လူတိုင်းက သူ၏ မှတ်ချက်ကြောင့် ထိတ်လန့်အံ့ဩသွားကြသည်။

ကျောက်သမုဒ္ဒရာမျှော်စင်အရှင်က ချူခွမ်းရန်ကို ထိုလောက်ထိလေးစားနေလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ကြချေ။

သိုသော် ထိုသို့ခံစားနေရသည်မှ သူတစ်ယောက်တည်းမဟုတ်ပေ။တခြားထိပ်တန်းကျင့်ကြံသူများကလည်း ထိုသို့သော နောင်တတရားကို ခံစားနေကြရသည်။

ချူခွမ်းရန်သည် သမိုင်းတစ်လျှောက်လုံးတွင် အကြီးမြတ်ဆုံးသော ကျင့်ကြံသူတစ်ယောက်ဆိုသည်မှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။

ထိုကဲ့သို့သော ကျင့်ကြံသူသာ သူတို့၏ ကျင့်ကြံခြင်းနယ်မြေတွင်ရှိလျှင် အလွန်တရာမှအကျိုးရှိပေလိမ့်မည်။သူ့ကို ဘိုးဘေးအဖြစ်မှတ်ယူရန်မှာ စနိုးစနောင့်ဖြစ်စရာမရှိပေ။

“ ဟင်း...ဒါပေမဲ့ မင်းက ငါတို့ထဲက မဟုတ်ခဲ့ဘူး…”

“ ဒါကြောင့် မင်းဒါမှမဟုတ် ငါတို့ ကျောက်သမုဒ္ဒရာမျှော်စင် နှစ်ခုထဲက တစ်ခုတော့ ပျက်စီးဖို့ကံပါလာပြီးသားပဲ...”

ကျောက်သမုဒ္ဒရာမျှော်စင်အရှင်က ချူခွမ်းရန်ကို စိုက်ကြည့်လိုက်၏။

သူက စူးစူးဝါးဝါးဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး တာအိုစည်းချက်လှိုင်းများကို ထုတ်လွှတ်ကာ ကျောက်သမုဒ္ဒရာမျှော်စင်တစ်ခုလုံးကို ဖုံလွမ်းသွားစေ၏။

ရုတ်တရက် ကျောက်သမုဒ္ဒရာမျှော်စင်၏ အနက်ပိုင်းမှနေ၍ ဆွဲဆွဲငင်ငင် အော်ဟစ်ဟိန်းဟောက်လိုက်သော အသံတစ်ခုကိုကြားလိုက်ရ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now