အပိုင်း ၄၄၇ သေးငယ်သောလက်ဆောင်တစ်ခု၊ ချူခွမ်းရန်၏ စစ်ကြေညာချက်

170 12 1
                                    

အပိုင်း ၄၄၇  သေးငယ်သောလက်ဆောင်တစ်ခု၊ ချူခွမ်းရန်၏ စစ်ကြေညာချက်

ချူခွမ်းရန်သည် သူ့ပတ်လည်၌ ရွှေရောင်ရုန်းများလှည့်ပတ်လျက် ရပ်‌နေ၏၊ ၎င်းတို့ တစ်ခုစီက ပညာရှင်အဆင့် ရုန်းများပင်။

ရုန်းများ ရောယှက်ခြင်းဖြင့် ရုန်းအတားအဆီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ပညာရှင်များသည် ၎င်းကို တိုက်ခိုက်သော်လည်း ထိခိုက်မှု မရှိချေ။

“ မင်းတို့ စွမ်းအားပြည့် သုံးကြ”

ပညာရှင်တစ်ဦးက အော်ဟစ်သည်။

ရုတ်တရက်၊ ပညာရှင်တာအိုစည်းချက်လှိုင်းများစွာက ပေါက်ကွဲထွက်လာ၏။ ပညာရှင်အချို့သည် သူတို့၏ ပညာရှင်လက်နက်များကို ထုတ်လိုက်ပြီး တစ်ချို့က ပညာရှင်နည်းစနစ်များကို ထုတ်သုံးကာ ရုန်းအကာအကွယ်ကို အဆက်မပြတ် တိုက်ခိုက်ကြသည်။

သို့ရာတွင်၊ ထိုတိုက်ခိုက်မှုများသည် ရုန်းအကာအကွယ်အား လှိုင်းတွန့်များ ပေါ်စေရုံမျှသာ ရှိပြီး ထိခိုက်မှု မရှိပေ။ ၎င်းက ချူခွမ်းရန်ကို အန္တရာယ် ပေးနိုင်ခြင်း မရှိချေ။

“ ဒီအဆင့် ခွန်အားလောက်နဲ့ ငါ့ဆီ လာရဲကြတာလား။ ဒီလိုရူးနှမ်းနှမ်းအရာမျိုးလုပ်ဖို့ မင်းတို့သတ္တိရှိတာ ငါ အံ့သြတယ်”

ချူခွမ်းရန်က သူ့ခေါင်းကို ခါယမ်းပြီး ပြောသည်။

ထို့နောက်တွင်၊ သူသည် သူ့လက်ကို မြှောက်ပြီး သူ၏ စိတ်အာရုံကို ထုတ်လွှတ်၏။

ချက်ချင်းပင်၊ လေထဲ၌ များပြားစွာသော ရုန်းဓားများ ဖြစ်ပေါ်ရန် ဝိညာဥ်ချီပမာဏအများအပြား စုရုံးလာ၍ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များနှင့် လေပြင်းများ လိမ့်တက်လာခဲ့သည်။

“ ငါတို့ သတိလက်လွတ် ဖြစ်သွားတယ်”

“ သူက ဒီလိုစွမ်းအားပိုင်ဆိုင်ထားတုန်းဆိုတာ ကျုပ် မယုံနိုင်သေးဘူး”

ကြောက်မက်ဖွယ်ကောင်းသော ရုန်းအော်ရာလှိုင်းများက တောင်တစ်လုံးကဲ့သို့ ပညာရှင်တစ်ဦးစီတိုင်းကို ဖိကျလာခဲ့သည်။ ၎င်းက သူတို့ကို အလွန်ထိတ်လန့်စေ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Wo Geschichten leben. Entdecke jetzt