အပိုင်း ၄၅၅ ခုနှစ်ရောင်ခြယ် ကောင်းကင်ဘုံကပ်ဘေး

158 8 0
                                    

အပိုင်း ၄၅၅ ခုနှစ်ရောင်ခြယ် ကောင်းကင်ဘုံကပ်ဘေး၊ ရှောင်ကျန်းရှန် ပညာရှင်ဖြစ်လာခြင်း၊ ကောင်းကင်သားတော်များ၏ တုံ့ပြန်မှု

ကျောက်သမုဒ္ဒရာမျှော်စင်ပျက်စီးသွားသည့် သတင်းသည်မကြာခင် ကောင်းကင်ကြယ်တာရာကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည်။

ထိုသတင်းကိုကြားသော ကျင့်ကြံသူတိုင်းသည် အလွန်တရာထိတ်လန့်သွားကြသည်။မည်သို့ပင်ဆိုစေကာမူ ကျောက်သမုဒ္ဒရာမျှော်စင်သည် ပညာရှင်များအများအပြား ရှိသော ကျင့်ကြံခြင်းနယ်မြေတစ်ခု ဖြစ်သည်မဟုတ်ပါလား...။

သို့သော် ၎င်းက သည်ကဲ့သို့ ကျဆုံးသွားရ၏။

ထိုအရာကလည်း လူတစ်ယောက်တည်းကြောင့်ဖြစ်သည်။

ထို့ကြောင့် ချူခွမ်းရန်က ယခု လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရ၏။သို့သော်လည်း သူက နောက်ကျင့်ကြံခြင်းနယ်မြေတစ်ခုကို သုတ်သင်ရန်မသွားခဲ့ပေ။

ချူခွမ်းရန်နှင့် လန်ယုတို့က ကျောက်သမုဒ္ဒရာမျှော်စင်ကို အမြစ်ဖြတ်သုတ်သင်ပြီးသည်နှင့် ပျောက်ကွယ်သွား၏။သူတို့ကို ခြေရာခံသော်လည်း မရပေ။

ရွှေရောင်ကောင်းကင်ဘုံနန်းတော်...။

ပညာရှင်အုပ်စိုးသူချန်ချင်က သူ၏ ကျင့်ကြံခြင်းနယ်မြေအတွက် စိုးရိမ်လျှက်ရှိသည်။

“ ချူခွမ်းရန်ရဲ့  စွမ်းအားက ငါထင်ထားတာထက်တောင် ကြီးမားနေသေးတယ်၊ သူ့ကို သတ်ဖို့က လုံးဝမဖြစ်နိုင်တော့ သလိုပဲ...”

“ ဟင်း...”

ပညာရှင်အုပ်စိုးသူ ချန်ချင်က သက်ပြင်းချလိုက်ပြီး ရွှေရောင်ကောင်းကင်ဘုံနန်းတော်၏ အရင်နန်းတော်သခင်ကို အပြစ်တင်လိုက်၏။သူက ချူခွမ်းရန်ကဲ့သို့သော လူသားမဆန်သည့် လူတစ်ယောက်ကို ရန်စခဲ့ပြီး အကျိုးအဆက်အားလုံးကို သူက တာဝန်ခံနေရ၏။

သူက အလွန်ဖိအားများနေပြီဖြစ်သည်။

ထိုအချိန်တွင်...။

အလွန်တရာမှ လွှမ်းမိုးကြီးစိုးနိုင်သော အော်ရာတစ်ခုက ရွှေရောင်ကောင်းကင်ဘုံနန်းတော်အနီးရှိ တောင်ထိပ်တစ်ခုပေါ်မှနေ၍ ပျံ့နှံ့လာလေသည်။၎င်းက ကောင်းကင်ဘုံအင်ပါယာသည် မြေကမ္ဘာပေါ်သို့ ဆင်းသက်လာကာ သူတို့ရှေ့တွင် ကိုယ်ထင်ပြလာသကဲ့သို့ပင် ဖြစ်သည်။ထိုအော်ရာက ရွှေရောင်ကောင်းကင်ဘုံနန်းတော်ကို လုံးဝလွှမ်းခြုံသွားခဲ့၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Donde viven las historias. Descúbrelo ahora