အပိုင်း ၃၉၃ ရုန်းတာအို၏စွမ်းအား

371 41 0
                                    

အပိုင်း ၃၉၃ ရုန်းတာအို၏စွမ်းအား၊ အင်ပါယာနန်းတော်သို့ဝင်ရောက်ခြင်း၊ သန်မာသူများစုပေါင်းဆန့်ကျင်ခြင်း

သိမ်မွေ့ကောင်းကင်ပညာရှင်က ချူခွမ်းရန်အပေါ်အကောင်းမြင်စိတ်မရှိပေ။

အရင်တစ်ခါက ချူခွမ်းရန်သည် သူတို့၏ သာလွန်အဆင့်မဟူရာကောင်းကင်ကျောက်နက်များစွာအပြင် မဟူကောင်းကင်ကျောက်အမြူတေများကိုပါ တူးဖော်ယူဆောင်သွားခဲ့သည်။ထို့ကြောင့်သူတို့က ချူခွမ်းရန်ကိုအရှင်လတ်လတ်ပြုတ်စားပစ်ချင်စိတ်ပေါက်နေကြသည်။

ယခုသူတို့၏ ရန်သူက အန္တရာယ်ရှိသောအခြေအနေတ်ိင်ရောက်နေသဖြင့် သိမ်မွေ့ကောင်းကင်ပညာရှင်က အလွန်ပျော်ရွင်နေ၏။

သို့သော် သူကနောက်တစ်ကြိမ်စိတ်ပျက်သွားရပြန်သည်။

အဘယ်ကြောင့်ဆိုသော် ချူခွမ်းရန်သည် ဘေးကြပ်နံကျပ်အခြေအနေမျိုးရောက်နေသော်လည်း စိုးရိမ်ပူပန်သော အရိပ်အယောင်လုံးဝမပြသောကြောင့်ဖြစ်သည်။

သူ၏မျက်နှာက ထိုတစ်လျှောက်လုံး လုံးဝတည်ငြိမ်နေ၏။

သိမ်မွေ့ကောင်းကင်ပညာရှင်က သာသေချာကြည့်လျှင် ချုခွမ်းရန်၏ နှုတ်ခမ်းထောင့်သည် တစ်စုံတစ်ရာကိုလှောင်ပြောင် အထင်သေးနေသည့်အလား တွန့်ကွေးနေသည်ကိုတွေ့ရပေလိမ့်မည်။

'' ဒီကောင်...''

သိမ်မွေ့ကောင်းကင်ပညာရှင်၏ မကျေနပ်မှုက လျင်မြန်စွာကြီးထွားလာ၏။

သူသာ မဟုတ်ပေ။တခြားပညာရှင်များသည်လည်း ထိုသို့ခံစားနေရသည်။သူတို့က ဘာကိုမှဖြစ်မြောက်အောင်မလုပ်နိုင်ပဲ နံရံအလွတ်ကို လက်သီးဖြင့်အဓိပ္ပါယ်မရှိလျှောက်ထိုးနေသော သူများကဲ့သို့ခံစားလာမိ၏။သူတို့က စတင်စိတ်ပျက်စပြုလာသည်။

သူတို့က ချူခွမ်းရန်ကိုအရေအတွက်အားဖြင့် ဖိနှိပ်ထားနိုင်ပြီး အင်ပါယာနန်းတော်သို့ဝင်ရောက်ခြင်းအားအောင်မြင်စွာတားဆီးနိုင်ခဲ့သည်မှာသေချာ၏။ဤသို့ဆိုလျှင် ယခုအချိန်၌ အဘယ်ကြောင့် သူတို့ကိုယ်တိုင်သာလျှင် ရှုံးနိမ့်သွားသူများဖြစ်သည်ဟု ခံစားနေရသနည်း။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now