အပိုင်း ၃၉၈ ငါ့ကိုအပြစ်ပေးဝံ့တယ်လား၊ ဒါပေါ့ ကျုပ်တစ်ယောက်တည်းပဲ

336 37 0
                                    

အပိုင်း ၃၉၈ ငါ့ကိုအပြစ်ပေးဝံ့တယ်လား၊ ဒါပေါ့ ကျုပ်တစ်ယောက်တည်းပဲ

အင်ပါရီယန်လျှောက်လှမ်းသူတိုင်းသည် လေထဲရှိ ဓားအစီအရင်ထဲတွင်ပိတ်မိနေကြသည်။

လင်းရှောင်၊ ​ရှောင်လင်းတန်နှင့် တခြားသူများက ချုခွမ်းရန်ကို စူးရဲစွာစိုက်ကြည့်နေကြ၏။သူတို့စိတ်ထဲတွင် ချူခွမ်းရန်ကို အရှင်လတ်လတ်အရေခွံခွာပစ်ချင်စိတ်ပေါက်နေကြသည်။

သို့သော် ချူခွမ်းရန်က လူတိုင်းသူ့ကိုစိုက်ကြည့်နေကြသော်လည်း အလွန်တည်ငြိမ်နေ၏။သူကပြောသည်။

'' ငါ့ကို ကျောက်စိမ်းအဆောင်ကိုပေးလိုက်ကြပါ၊ ကိစ္စကိုပိုခက်ခဲသွားအောင် လုပ်မနေနဲ့...''

သူ၏အသံက အလွန်တည်ငြိမ်နေပြီး အသေးအဖွဲ့ကိစ္စတစ်ခုကိုပြောဆိုနေရသကဲ့သို့ပင်ဖြစ်သည်။

လူတိုင်းက ဒေါသတကြီးအံကြိတ်လိုက်ကြ၏။

'' ချူခွမ်းရန်...မင်းဒီလိုလုပ်တာ အရမ်းလွန်သွားပြီမထင်ဘူးလား...''

ရှောင်လင်းတန်က အသက်ပြင်းပြင်းရှုကာ​ပြောလိုက်၏။

'' မင်းတို့သာငါ့ကို ကျောက်စိမ်းအဆောင်မပေးရင်၊ ဒီထက်ပိုပြီးလွန်လာရလိမ့်မယ်...''

'' မင်း...''

'' အပိုတွေပြောနေတာ ရပ်တော့၊ ငါဒီမှာ မင်းတို့နဲ့ကစားနေဖို့အချိန်မရှိဘူး၊ ကျောက်စိမ်းအဆောင်ကို လိုလိုချင်ချင်နဲ့လက်လွဲပေးရင်ပေး မပေးရင် ငါကိုယ်တိုင်အားသုံးပြီး ယူရလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် မင်းတို့အသက်ရှင်ပါ့မယ်လို့ ငါအာမမခံနိုင်ဘူး...''

လူတိုင်း၏ ကျောရိုးများချက်ချင်းစိမ့်တက်သွားသလို ခံစားလိုက်ကြရသည်။

ချူခွမ်းရန် အမှန်ပြောနေသည်ကို သူတို့အပြည့်အဝနားလည်ကြသည်။သူ့တွင် ထိုသို့ပြုလုပ်ရန် စွမ်းအားရှိသလို သတ္တိလည်းရှိ၏။

ထိုအချက်က သူတို့အတွက်စိတ်ပျက်အားငယ်စရာအကောင်းဆုံးနှင့် ရူးသွပ်စရာအကောင်းဆုံး အပိုင်းပင်ဖြစ်၏။

'' ချူခွမ်းရန်...မင်းရက်စက်တဲ့ကောင်...''

ကွေ့ဝူရှောင် က ကျောက်စိမ်းအဆောင်ကို အံတင်းတင်းကြိတ်ကာကိုင်ထားမိသော်လည်း နောက်ဆုံး၌ရွေးချယ်စရာမရှိပဲ ချူခွမ်းရန်ကို လက်လွှဲပေးလိုက်ရ၏။သူက သူ၏အသက်ကိုချူခွမ်းရန်နှင့်တိုက်ခိုက်ပြီး လောင်းကြေးမထပ်နိုင်ပေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now