အပိုင်း ၄၅၄ ကျောက်သမုဒ္ဒရာမျှော်စင်ကို ဖျက်ဆီးခြင်း

150 9 0
                                    

အပိုင်း ၄၅၄
ကျောက်သမုဒ္ဒရာမျှော်စင်ကို ဖျက်ဆီးခြင်း၊ နောက်ထပ်ငါးခု သွားစရာ ရှိသေးတယ်၊ ဝိညာဉ်လုံး သေတ္တာ

ကြက်သွေးရောင် ကျားသစ်၏ ဒေါသတကြီးဟိန်းသံက ချူခွမ်းရန်အပေါ် သက်ရောက်မှု မရှိချေ။

၎င်းက ကျောက်သမုဒ္ဒရာမျှော်စင်သခင်နှင့် ပညာရှင်များအား အံ့အားသင့်စေသည်။ ဒေါသတကြီး ဟိန်းဟောက်ခြင်းနည်းစနစ်သည် လူတစ်ယောက်၏ စိတ်ကို တိုက်ရိုက်ပစ်မှတ်ထားသည် မဟုတ်လော။ ပညာရှင်အုပ်စိုးသူတစ်ဦးပင် ဤနည်းစနစ်အောက်၌ အနည်းငယ် တုန်ခါသွားပေမည်။

ဒေါသတကြီး ဟိန်းဟောက်သံသည် ချူခွမ်းရန်ကို ရင်ဆိုင်နိုင်သည့် အကြီးဆုံးဆန့်ကျင်တိုက်ခိုက်မှု ဖြစ်သည်ဟု သူတို့ ယူဆခဲ့သည်။ သို့တိုင်၊ ၎င်းက သူ့အပေါ် လုံးဝ မသက်ရောက်ဟု မထင်မှတ်ထားခဲ့ချေ။

ထို့အပြင်၊ ဒေါသတကြီး ဟိန်း‌သံသည် ဝိညာဉ်စွမ်းအင်ပမာဏ အများကြီး အသုံးပြုရသော နည်းစနစ်တစ်ခု ဖြစ်၏။ ထို့ကြောင့်၊ ကြက်သွေးရောင် ကျားသစ်သည် ၎င်းကို တစ့်နေ့လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

" အခုတော့ မင်းတို့ ဝှက်ဖဲတွေ အကုန် ထုတ်ပြီးပြီပေါ့၊ ငါ ပြရမယ့် အလှည့်ပဲ"
ချူခွမ်းရန်က တည်ငြိမ်စွာ ပြောသည်။

ထို့နောက် သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်၏။
" ကြည့်ရတာ အခု ပြီးလုနီးပါးပဲ"

ကျင့်ကြံသူများသည် ချူခွမ်းရန်က ဘာကိုဆိုလိုမှန်း နားမလည်ကြသော်လည်း ကောင်းကင်သို့ ချူခွမ်းရန်၏ အကြည့်ကြောင့် မလွယ်ကူမှုကို ခံစားရသည်။

သူတို့မြင်လိုက်ရသည်ကား ရုန်းသသင်္ကေတလိုင်းများ အချင်းချင်းရောယှက်နေပြီး ကြီးမားသော ရုန်းကြီးတစ်ခုဖြစ်ပေါ်လာသည်ကိုပင်။

ဧရာမရုန်းသည် တောင်တစ်ခုစာမျှသော အရိပ်ပေါ်အောင် ကြီးမားလှသည်။

ကျင့်ကြံသူများသည် ရုန်းမှ ထူးဆန်းသော စွမ်းအင်တစ်မျိုးကို ခံစားမိ၏။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ ခြောက်ကပ်အောင် စုပ်ယူခံထားရသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now