အပိုင်း ၄၆၅ ငါ့ရဲ့လက်ဝါးတစ်ချက်ကို ခံယူစမ်း

342 11 1
                                    

အပိုင်း ၄၆၅ ငါ့ရဲ့လက်ဝါးတစ်ချက်ကို ခံယူစမ်း၊ ရှေးဟောင်းစစ်မြေပြင်ကို ဖျက်စီးခြင်း၊ အဲ့ဒါကိုဘယ်သူတောင့်ခံနိုင်မှာလဲ

ရှေးဟောင်းစစ်မြေပြင်အထက်လေထုထဲတွင်...။

အတောမသတ်နိုင်သည့်ဖိအားကိုထုတ်လွှတ်နေသည့် အော်ရာတစ်ခုက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုအော်ရာလှိုင်းက သဘာဝတရား၏ စွမ်းအားကဲ့သို့ ကြောက်မက်ဖွယ်ကောင်း၏။၎င်းက လူတိုင်းကို ကြီးစွာတုန်လှုပ်သွားစေ၏။ထိုအော်ရာကို စိတ်ဝိညာဥ်အာရုံထဲတွင် အာရုံခံမိသူများမှာ အလွန်ထိတ်လန့်သွားကြလေသည်။

“ အဲ့ဒါက  ဘယ်သူလဲ...”

“ ဘယ်သူ့မှာ အဲ့လိုစွမ်းအားမျိုးရှိနိုင်မှာလဲ...၊ အဲ့ဒါက တစ်ပိုင်းအင်ပါယာများလား...”

“ တစ်ပိုင်းအင်ပါယာတစ်ယောက်ပေါ်လာတာလား...”

“ မဟုတ်ဘူး...မဖြစ်နိုင်ဘူး...၊ ဒါက တစ်ပိုင်းအင်ပါယာမဟုတ်ဘူး၊ တစ်ပိုင်းအင်ပါယာတစ်ယောက်ရဲ့ အော်ရာက အခုလိုမျိုးမဟုတ်ဘူး၊ ဒီအော်ရာမှာ ပညာရှင်တာအိုစည်းချက်တွေပါဝင်နေတယ်...”

“ လာနောက်နေတာလား၊ ပညာရှင်တစ်ယောက်က ဒီလောက်သန်မာပါ့မလား...”

“ နပေါဦး...”

လူတိုင်းက  တစ်စုံတစ်ရာကို သတိထားမိသွားကြသည်။

“ ခုနကပဲ တစ်ယောက်ယောက်က အဓိပတိပညာရှင်ဖြစ်လာတာမလား...”

လူတိုင်းက ထိုသူသည် မည်သူဖြစ်ကြောင်းခန့်မှန်းနေကြချိန်တွင် ရှေးဟောင်းစစ်မြေပြင် အထက်ရှိတိမ်တိုက်များက ရုတ်တရက်ရွေ့လျားလာပြီး အတူတကွစုစည်းသွားကြကာ မျက်နှာတစ်ခုပုံစံဖြစ်ပေါ်လာသည်။

ထိုမျက်နှာ၏ အမူအရာက အလွန်အေးစက်နေသည်။၎င်းဆီမှ သဘာဝတရားကြီး၏ စွမ်းအင်များဖြာထွက်နေ၏။

“ ချူခွမ်းရန်...”

“ သူက ကောင်းကင်ဘုံပြစ်ဒဏ်ချိပ်တံဆိပ်ကို ချိုးဖျက်ပြီး  တကယ် အဓိပတိပညာရှင် ဖြစ်လာတာပဲ၊ သမိုင်းမှာ ဘယ်သူမှ အဲ့ဒီလို မလုပ်နိုင်ခဲ့ဘူး...”

You've reached the end of published parts.

⏰ Last updated: May 06 ⏰

Add this story to your Library to get notified about new parts!

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now