အပိုင်း ၄၁၃ မြေကမ္ဘာတုန်လုသော ဟိန်းသံကြီး

238 25 1
                                    

အပိုင်း ၄၁၃ မြေကမ္ဘာတုန်လုသော ဟိန်းသံကြီး၊ ချူခွမ်းရန်၏ ကမ်းလှမ်းမှု၊ အလွန်ရဲရင့်သော

လွတ်မြောက်ရေးအဆောင်သည် ဆုတ်ခွာရန်သို့မဟုတ်၊ လွတ်မြောက်ရန် အသုံးပြုသော အရာတစ်ခုဖြစ်သည်။

ထိုအဆောင်က နေရာလွတ်စွမ်းအားကိုအသုံးပြုနိုင်ပြီး လူတစ်ယောက်ကို ကီလိုမီတာထောင်ပေါင်းများစွာကို တစ်ခဏအတွင်းဖြတ်သန်းသွားလာစေနိုင်သည်။

ခရမ်းသွေးပညာရှင်၏ လွတ်မြောက်ရေးအဆောင်က တည့်နေရာရွေ့ပြောင်းခြင်းအဆောင်ကဲ့သို့ တန်ဖိုးမကြီးသော်လည်း ၄င်းကသူ့ကို ကီလိုမီတာ တစ်ထောင်ခန့်အကွာကို တစ်ခဏအတွင်း ရွေ့ပြောင်းပေးနိုင်လေသည်။

ပညာရှင်အုပ်စိုးသူဆယ်ယောက်ပင် သူ့ကိုဘာမှလုပ်နိုင်မည်မဟုတ်ချေ။

သို့သော် သူထိုအဆောင်ကိုသုံးလိုက်သည့်အချိန်တွင် ထိုအထဲတွင်ပါဝင်သည့် နေရာလွတ်စွမ်းအားက ဟင်းလင်းပြင်လှိုင်းတွန့်များကိုသာဖြစ်ပေါ်လာစေပြီး နေရာရွေ့ပြောင်းပေးနိုင်ခြင်းမရှိပေ။

သူ၏ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်က ချိတ်ပိတ်ခံထားရပုံပေါ်လေသည်။

'' ဘာဖြစ်နေတာလဲ...၊ ဘာလို့အဆောင်က အလုပ်မလုပ်တာလဲ...''

'' ဒီပတ်ဝန်းကျင်ကို စွမ်းအားတစ်မျိုးမျိုးက ချိတ်ပိတ်ထားတယ်၊ ချီးပဲ အဲ့ဒါက အစီအရင်ရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ရမယ်၊ ဆိုလိုတာက ဒီအစီအရင်က ဟင်းလင်းပြင်ကို ချိတ်ပိတ်နိုင်တာပဲ...''

ခရမ်းသွေးပညာရှင်က ကြောက်ရွံ့လာသည်။

ထိုလွတ်မြောက်ရေးအဆောင်ကြောင့်သာ သူကဤအစီအရင်ထဲကို ဝင်လာရဲခြင်းဖြစ်သည်။အကယ်၍ သူသာ အန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ခဲ့လျှင် ချက်ချင်းထွက်ပြေးသွားနိုင်သည်။

သို့သော် အဆောင်က အလုပ်မလုပ်တော့ပေ။

'' ခရမ်းသွေး ပြန်ဆုတ်တော့...''

တစ်စုံတစ်ရာထူးဆန်းနေသည်ကို သတိထားမိသဖြင့် ပညာရှင်အုပ်စိုးသူကျန်းကွမ်းက အမိန့်ပေးလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Tempat cerita menjadi hidup. Temukan sekarang