အပိုင်း ၄၃၅ ငါ့မှာ ကောင်းကင်ဘုံပြစ်ဒဏ်ချိပ်တံဆိပ် ရှိနေသေးပေမယ့်

430 24 2
                                    

အပိုင်း ၄၃၅  ငါ့မှာ ကောင်းကင်ဘုံပြစ်ဒဏ်ချိပ်တံဆိပ် ရှိနေသေးပေမယ့်၊ ဒီကမ္ဘာကို ရှုံးပွဲမရှိ စိုးစံနိုင်တုန်းပဲ

ခပ်စူးစူး အသံတစ်ခု ကြားလိုက်ရသည်။
အခန်းတံခါးပွင့်လာသည်နှင့်၊ ရင်းနှီးသော လူတစ်ဦး လမ်းလျှောက်ထွက်လာ၏။

ထိုလူသည် အဖြူရောင်ကို ဝတ်ဆင်ထားပြီး၊ အနက်ရောင်ဆံပင်ရှည်နှင့်အတူ ခန့်ညားပြီး တမူထူးခြားသော အသွင်အပြင် ရှိနေသည်။

ထူးဆန်းသောအော်ရာတစ်ခုက နယ်ပယ်တစ်လျှောက် ချက်ချင်းပျံ့နှံ့သွားသည်။ ထိုအခိုက်အတန့်တွင်၊ လေတိုက်တာ ရပ်သွား၏၊ တိမ်များ လှုပ်တာ ရပ်သွားပြီး အရာရာတိုင်းက လှုပ်ရှားမှု ကင်းမဲ့သွားသည်။ နယ်ပယ်တစ်ခုလုံး လုံးဝဥဿုံ တိတ်ဆိတ်သွား၏။

ဤလူ၏ အသွင်အပြင်က ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးနိုင်ပုံရသည်။

“ သခင်...”
“ ဂိုဏ်းချုပ်...”

လန်ယု၊ ကျန်းရီနှင့် အခြားသူများက အလွန်အမင်း ပျော်ရွှင်နေတော့သည်။

ဤနေ့ ရာသီဥတု သာယာ၏။
ချူခွမ်းရန်သည် သူ၏ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့သည်။

“ ဆိုတော့ ဒါက ချူခွမ်းရန်ပေါ့”
လျိုယီချင်းသည် ချူခွမ်းရန်၏ အသွင်အပြင်ကို မြင်သောအခါ အံ့အားသင့်သွားသည်။

သူ့ရှေ့တွင် ရပ်နေသော လူသည် တမူထူးခြားသော ရုပ်ချောမှုကို အမှန်တကယ်ပိုင်ဆိုင်ထားသော်လည်း လျိုယီချင်းသည် သူ့ထံမှ ဝိညာဥ်စွမ်းအင်အရိပ်အမြွတ်အနည်းငယ်မျှပင် မတွေ့နိုင်ခဲ့ပေ။

‘ ဒီလူက ကျင့်ကြံခြင်းအခြေခံမရှိတဲ့ သာမန်လူတစ်ယောက်လိုပဲ။ ဒါပေမယ့် သူက တကယ့် သာမန်လူတစ်ယောက်ဆိုရင် အစောပိုင်းက ကြီးကျယ်တဲ့ ရုန်းဓားကို ငါတို့ ဘယ်လိုရှင်းပြရမလဲ’

‘ ဒီကောင်နဲ့ ပတ်သတ်ပြီး ဘာမှားနေတာလဲ’
‘ သူက သူ့ရဲ့ ကောင်းကင်ဘုံပြစ်ဒဏ် ချိပ်တံဆိပ်ကို ဖြည်လိုက်ပြီလား’

ထိုအချိန်တွင်၊ ချူခွမ်းရန်သည် သူ့ တာအိုနန်းတော်ရှိ လက်ရှိအခြေအနေအား စိတ်ဝင်စားပုံမရချေ။ သူသည် ကောင်းကင်သက်ဆင်းဓားဆီသို့ ရိုးရှင်းစွာ လျှောက်သွားပြီး ၎င်းကို ကောက်ကာ ဓားကိုယ်ထည်အား လက်နှစ်ချောင်းဖြင့် တောက်လိုက်သည်။ ဓားက အနည်းငယ်တုန်ခါသွားပြီး ကောင်းကင်ကို ထိုးဖောက်လုမတတ်သော ကြည်လင်သော ဓားသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now