အပိုင်း ၃၉၉ ကမ္ဘာအပြင်ဘက်၏ ကောင်းကင်ဘုံကိုးခု

358 34 0
                                    

အပိုင်း ၃၉၉  ကမ္ဘာအပြင်ဘက်၏ ကောင်းကင်ဘုံကိုးခု၊ ချမ်အင်ပါယာ၏ စမ်းသပ်မှု၊ ဒါပဲလား...

“ အမှန်ပဲ... ကျုပ်တစ်ယောက်တည်း”

ချူခွမ်းရန်က ကျောက်စိမ်းအဆောင်ရှစ်ခုကို ထုတ်ပြပြီး ပြောသည်။

“ မင်းရဲ့ အမွေကို ဆက်ခံရမယ့်သူက ငါတစ်ယောက်တည်းပဲထင်တယ်၊ ချမ်အင်ပါယာခင်ဗျာ”

ချမ်အင်ပါယာက အနည်းငယ် အံ့သြသွားသည်။

သူ၏ ‌ဟောကိန်းထုတ်ချက်အရ၊ ကျောက်စိမ်းအဆောင်ရှစ်ခုလုံးက သူ၏ အင်ပါယာနန်းတော်၌ စုဝေးကြပေမည်။ ဆိုလိုသည်က ထိပ်တန်းကောင်းကင်သားတော်ရှစ်ဦးက သူ၏ အမွေအတွက် လာပြီးယှဥ်ပြိုင်ကြပေမည်။

ဆိုတော့၊ အဘယ်ကြောင့်တစ်ယောက်တည်း ဖြစ်နေရသနည်း။

သူ့ဟောကိန်းက မှားနေသည်လား။
“ အနာဂတ်မှ ကောင်းကင်သားတော်၊ မင်းနာမည်ကို ပြောပါ”
“ ချူခွမ်းရန်”

“ မင်း ကျောက်စိမ်းအဆောင်ရှစ်ခုလုံးကို ဘယ်လိုရလာတာလဲ”

ချမ်အင်ပါယာက အံ့သြတကြီး မေးသည်။

“ အခြားသူတွေက ကျုပ်ဆီ လိုလိုလားလား ပေးကြတယ်လေ”

“ လိုလိုလားလား တဲ့လား”

“ ကိစ္စရှိလား”
“ မရှိဘူး”

ချမ်အင်ပါယာသည် သူ့ခေါင်းကို ခါယမ်းပြီးနောက်ပြော၏။

“ မင်းက ဒီမှာ တစ်ယောက်တည်းဖြစ်ပေမယ့်၊ ငါ့အမွေကို မင်းဆီ ပေးမယ်လို့ မဆိုလိုဘူး။ ဘာပဲဖြစ်ဖြစ် စမ်းသပ်မှုတစ်ခု လိုအပ်နေသေးတယ်”

“ ဟုတ်ပြီလေ။ ဒါပေမယ့် ကျုပ်တို့ မစခင်မှာ ကျုပ်မှာ အခုအချိန်ထိ အချိန်အတော်ကြာအောင် စဥ်းစားမရနိုင်တဲ့ မေးခွန်းတစ်ချို့ ရှိသေးတယ်။ မြင့်မြတ်တဲ့ ချမ်အင်ပါယာခင်ဗျာ၊ သင် ကျုပ်ရဲ့ သံသယတွေကို ဖြေရှင်းပေးဖို့ စိတ်ကူးရှိပါသလား”

“ ဆက်လုပ်”
“ ချမ်အင်ပါယာ၊ မင်း ကွယ်လွန်သွားပြီလား”

ချူခွမ်းရန်သည် သူ့ရှေ့ရှိ ချမ်အင်ပါယာကို ကြည့်ပြီး မေးသည်။ သူ့ရှေ့၌ ရပ်နေသော ချမ်အင်ပါယာက စိတ်အာရုံကိုယ်ပွားတစ်ခု မျှသာဖြစ်ကြောင်း သူပြောနိုင်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now