အပိုင်း ၃၉၆ ငါ့မှာလည်း တစ်ခုရှိတယ်၊ ယွမ်ဝူတောက်ရဲ့ သွေးနဂါးလက်သည်း
ချမ်အင်ပါယာနန်းတော်၏ ပေါ်ထွက်လာမှုနှင့်အတူ၊ ရှောင်လင်းတန်နှင့် ကျန်သူများက သူတို့၏ ကျောက်စိမ်းအဆောင်များကို ထုတ်လိုက်သည်။ သူတို့ရှေ့တွင် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် အံ့အားသင့်မှု မရှိချေ။
သို့ရာတွင်၊ အခြားကောင်းကင်သားတော်များက စိတ်ရှုပ်နေ၏။
“ ချီး...၊ ဒီလျှို့ဝှက်ကုန်းမြေတွေမှာ ဒီလိုနက်ရှိုင်းတဲ့ အုတ်မြစ်နဲ့ နောက်ခံရှိတယ်၊ သူတို့က ချမ်အင်ပါယာနန်းတော်ရဲ့ ပေါ်ထွက်လာမှုကို အချိန်အကြာကြီးကတည်းက သိကြတာပဲ”
ပညာရှင်ကျင့်ကြံခြင်းနယ်မြေတစ်ခုမှ ကောင်းကင်သားတော်က သက်ပြင်းချလိုက်သည်။
အင်ပါရီယန်လျှောက်လှမ်းသူများနှင့် နှိုင်းယှဥ်ပါက၊ သူတို့က စွမ်းရည်နှင့် အရင်းအမြစ် ချို့တဲ့ရုံသာမက သမိုင်းပိုင်းအသိပညာများ နည်းပါးလှသည်။
“ ဟားဟား၊ ချူခွမ်းရန်... ချမ်အင်ပါယာနန်းတော်ထဲဝင်ဖို့ ချမ်အင်ပါယာချန်ထားခဲ့တဲ့ ကျောက်စိမ်းအဆောင်တစ်ခုလိုအပ်တာ မင်း သိတယ်မလား”
ရှောင်လင်းတန်ကား ဤတစ်ကြိမ် ပျော်ရွှင်နေလေသည်။ နောက်ဆုံးတွင် သူသည် ချူခွမ်းရန်အား ချောင်ပိတ်ရန် တစ်ခုခုကို ရှာတွေ့ခဲ့၏။
သူ့အတွက်၊ ချူခွမ်းရန်သည် ပြင်ပကမ္ဘာမှ ကောင်းကင်သားတော်တစ်ဦးသာ ဖြစ်ရာ ကျောက်စိမ်းအဆောင်များကို မဆိုထားနှင့်၊ အင်ပါယာများနှင့် ပတ်သတ်သည့် မည်သည့်အရာကိုမှ သေချာ မသိနိုင်ပေ။
ထို့အပြင်၊ ယခုအချိန်တွင် သူ့မှာ ကျောက်စိမ်းအဆောင်တစ်ခု မရှိမှာ သေချာ၏။
ရိုးရိုးရှင်းရှင်းပြောရလျှင်၊ ချူခွမ်းရန်သည် ချမ်အင်ပါယာနန်းတော်သို့ မည်သည့်အခါမှ မဝင်နိုင်ပေ။
ရှောင်လင်းတန်သည် ၎င်းကို တွေးပြီး မယုံနိုင်အောင် ဝမ်းသာသွားသည်။
သူသာမက၊ လင်းရှောင်၊ ရွှယ်ကျန့်၊ လီဖုဖျင်နှင့် အခြားအင်ပါရီယန်လျှောက်လှမ်းသူများသည်လည်း စိတ်သက်သာရာ ရခဲ့သည်။
CZYTASZ
Akcjaအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...