အပိုင်း ၄၄၈ ရှောင်လင်းတန်၏စိန်ခေါ်မှု

149 8 0
                                    

အပိုင်း ၄၄၈ ရှောင်လင်းတန်၏စိန်ခေါ်မှု၊ လန်ယုက ကောင်းကင်ရွှေအင်ပါရီယန်ခန္ဓာကိုယ်ပိုင်ရှင်နှင့် တိုက်ခိုက်ခြင်း

တိတ်ဆိတ်ငြိမ်သက်မှုက ခြောက်သွေ့ကာ လူသူကင်းမဲ့နေသော ကံကြမ္မာနတ်မြို့တော်၏ လမ်းများကို လွှမ်းခြုံသွားခဲ့သည်။

နှင်းများက ထူထဲစွာကျဆင်းလျက်ရှိရာ လမ်းတစ်ခုလုံးကို နှင်းများဖုံးလွှမ်းကာ ဆွတ်ဆွတ်ဖြူသွားစေသည်။ပညာရှင်များ၏ သက်မဲ့အလောင်းများမှ စီးကျနေသော နီစွေးနေသည့် သွေးများမှာလည်း နှင်းများဖြင့် လုံးဝဖုံးလွှမ်းခံလိုက်ရလေပြီ။သွေးစသွေးန တစ်စိုးတစ်စိကိုတောင် မတွေ့ရတော့ချေ။

ပြိုကျပျက်စီးနေသော အဆောက်အဦးများမှလွဲ၍ မည်သူကမှ ဤလမ်းမပေါ်တွင် အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ပျက်သွားခဲ့သည်ကို သိရှိနိုင်မည်မဟုတ်ချေ။

ထိုအခိုက်...လမ်း၏ အဆုံးတစ်ဖက်တွင်...။

ယောက်ျားလေးတစ်ဦးနှင့် မိန်းမပျိုတစ်ဦးက တရွေ့ရွေ့ ချည်းကပ်လာ၏။

ယောက်ျားလေးက တစ်ကိုယ်လုံးဖြူဆွတ်နေသော ဝတ်စုံကိုဝတ်ဆင်ထားပြီး မိန်းမပျိုက ထိုသူ့အား အနောက်မှနေ၍ ထီးဖြင့်အုပ်မိုးပေးထား၏။မကြာခင် သူတို့က လေးရာသီစားသောက်ဆိုင်ရှေ့သို့ရောက်လာကြလေသည်။

ချမ်ဖုကွေ့က စားသောက်ဆိုင် အလျင်စလိုထွက်လာပြီး သူတို့ကိုကြိုဆိုလိုက်၏။

“ ကြိုဆိုပါတယ်…ညီအစ်ကို ချူ...”

“ နှုတ်ဆက်ပါတယ်...မာစတာ ချမ်၊ ဒီနေ့ရာသီဥတုက ဟော့ပေါ့ စားဖို့အကောင်းဆုံးရာသီဥတုပဲဗျ မဟုတ်ဘူးလား၊ ကျုပ်မန်ဒရင်း ဘဲသားဟော့ပေါ့ တစ်ပွဲလောက်ရနိုင်မလား...”

ချူခွမ်းရန်က ရယ်မောကာ ပြောလိုက်သည်။

“ ကျုပ်နောက်ကို လိုက်လာခဲ့ပါ...”

ချမ်ဖုကွေ့က စိတ်ရှုပ်ထွေးနေသော လေသံဖြင့်ပြောလိုက်သည်။

‘ ညီအစ်ကိုချူက တကယ်အေးနေတာ ဖြစ်လောက်မလား...’

‘ ဒါပေမဲ့ ဘယ်လိုလဲ၊ ဟိုတစ်နေ့ကတောင် သူက ပညာရှင်တစ်ဒါဇင်ကို အလွယ်တကူ သတ်ထားတာမလား...’

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now