429----430

342 21 3
                                    

အပိုင်း ၄၂၉  ကောင်းကင်ဘုံအပြစ်ဒဏ်ချိပ်တံဆိပ်မှ ဉာဏ်အလင်းရရှိခြင်း၊ တိုက်ပွဲမှ ဆုလာဒ်များ

    ကောင်းကင်နက်ဂိုဏ်းကို အံ့ဖွယ်တိမ်ပင်လယ်အစီအရင်ဖြင့် ကာကွယ်ထားသည်။ ၎င်းက အပြင်ဘက်မှ သူလျှိုများသည် သူတို့ လုပ်ဆောင်မှုအကြောင်း မသိရှိနိုင်တော့ပေ။ ထို့ကြောင့်၊ လူများစွာက ဤနေရာမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

“ ခေတ်တစ်ခု အဆုံးသတ်သွားပြီ”

“ သူ့ခေတ်ပြီးသွားပြီ”

ထွက်ခွာသွားသောလူအချို့သည် သူတို့၏ ခေါင်းများကိုခါယမ်းရင်း သက်ပြင်းချသည်။

ဤနှစ်များတစ်လျှောက်တွင်၊ ချူခွမ်းရန်သည် များစွာသော အံ့ဖွယ်ဖြစ်ရပ်များကို လုပ်ဆောင်ခဲ့၏။ အထူးသဖြင့် သူ၏ ထူးခြားဆန်းကြယ်သည့် စွမ်းဆောင်မှုဖြစ်သော လူတစ်သိန်းအား သူ၏ ကောင်းကင်တက်လှမ်းခြင်းစမ်းသပ်မှုသို့ ဆွဲသွင်းခဲ့ချိန် ဖြစ်သည်။ ၎င်းက သူ့ကို လူများစွာက လေးစားပြီး ကိုးကွယ်လုနီးပါးကြည်ညိုကြသည်။

    ထို့အပြင်၊ သူ၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်သည် မရေမတွက်နိုင်သော အမျိုးသမီးကျင့်ကြံသူများကို ကြွေသွားစေပြီး သူ၏ အမာခံ ပရိတ်သတ်များ ဖြစ်လာသည်။

ထို့ကြောင့် ယခု ကောင်းကင်ဘုံအပြစ်ဒဏ်ချိပ်တံဆိပ်သည် ချူခွမ်းရန်အား သာမန်လူတစ်ဦးဖြစ်သွားစေရာ သူ၏ ပရိတ်သတ်များစွာကို ကြေကွဲစေခဲ့သည်။

“ အို့... ငါအချစ်လေး ချူခွမ်းရန်။ သူ့ခေတ်ပြီးသွားရင်တောင် သူက ထာဝရအကြီးကျယ်ဆုံးဆိုတာ ငြင်းလို့မရနိုင်ဘူး”

“ သူ့ခေတ်က ဆုံးချင်ဆုံးသွားမယ်။ ဒါပေမယ့် သူ့ရဲ့ ဒဏ္ဍာရီကတော့ ဘယ်တော့မှ ဟောင်းသွားမှာမဟုတ်ဘူး။ သူ့နာမည်က ခေတ်သစ်တွေဆီသယ်ဆောင်သွားလိမ့်မယ်။ ‌နောက်နှစ်‌ပေါင်းများစွာ ကြာတဲ့အထိ သူ့ကို အိမ်သူတိုင်း သိစေလိမ့်မယ်”

ကျင့်ကြံသူတစ်ဦးက မှတ်ချက်ချသည်။

လူအုပ်က တဖြည်းဖြည်း ရုန်းရင်းဆန်ခတ်ဖြစ်လာ၏။ ချူခွမ်းရန်၏ လွှမ်းမိုးမှုမရှိရင် ဤလောက၏ ကောင်းကင်သားတော်များက တဖန်အသက်ဝင်လာမည် ဖြစ်ကြောင်း ကြိုတင်ပြောနိုင်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now