အပိုင်း ၄၂၆ ပညာရှင်အုပ်စိုးသူများကျဆုံးခြင်း

258 18 0
                                    

အပိုင်း ၄၂၆ ပညာရှင်အုပ်စိုးသူများကျဆုံးခြင်း၊ တစ်ပိုင်းအင်ပါယာများ ဒဏ်ရာပြင်းထန်စွာရရှိသွားခြင်း

ကိုးရောင်ခြယ်ကောင်းကင်ဘုံကပ်ဘေးက အလွန်ကြောက်စရာကောင်းလေသည်။

၄င်းက ပညာရှင်တစ်ယောက်ကိုမွေးဖွားပေးနိုင်သော ကောင်းကင်ကပ်ဘေးဖြစ်သော်လည်း ပညာရှင်အုပ်စိုးသူများကိုပင် သုတ်သင်နိုင်လေသည်။

ထိုကဲ့သို့သော ကောင်းကင်ကပ်ဘေးက ဤခေတ်တွင်လုံးဝမပေါ်ပေါက်ခဲ့ဖူးပေ။၄င်းက လူတိုင်းကိုအံ့ဩတုန်လှုပ်စေလေသည်။

ဝုန်း...။

နက်ရှိုင်းသော အက်ကွဲကြောင်းအတွင်းမှ လူတစ်ယောက်တွားထွက်လာခဲ့သည်။

၄င်းမှာ ချူခွမ်းရန်ပင်ဖြစ်သည်။

သူက မတ်တပ်ရပ်လိုက်ပြီး သူ၏သတ္တမမြောက်ကောင်းကင်ကပ်ဘေးကို ခုခံရန်ပြင်လိုက်သည်။

သူက တစ်ပိုင်းအင်ပါယာချန်ခွမ်းနှင့် တခြားသူများကိုစိုက်ကြည့်ကာ တစ်ချက်ပြုံးပြလိုက်၏။

'' ဟမ့်...ခင်ဗျားတို့ပဲ ကျန်တော့တာကို၊ ဘယ်လောက်တောင်အားနည်းလိုက်တဲ့ လူတစ်သိုက်လဲ...''

'' ချုခွမ်းရန်...''

တစ်ပိုင်းအင်ပါယာချန်ခွမ်းနှင့် သူ့လူများက အံတင်းတင်းကြိတ်ကာ ချူခွမ်းရန်အား နက်ရှိုင်းသောအမုန်းတရားများဖြင့် စိန်းစိန်းဝါးဝါးစိုက်ကြည်လိုက်ကြသည်။

အကယ်၍ အကြည့်ကသာလူသတ်နိုင်သည်ဆိုလျှင် ချုခွမ်းရန် အကြိမ်ပေါင်းများစွာသေဆုံးပြီးဖြစ်ပေလိမ့်မည်။

တဂျိန်းဂျိန်း၊တဂျုန်းဂျုန်းမြည်သံများက ကောင်းကင်ထက်တွင် ပဲ့တင်ထပ်လာ၏။

ချုခွမ်းရန်၏ သတ္တမအကြိမ်မြောက်ကောင်းကင်ဘုံကပ်ဘေးက ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။၄င်းတွင် ကောင်းကင်ကြယ်တာရာထက်ဝက်ခန့်ကို တုန်လှုပ်စေနိုင်သော အစွမ်းများပါဝင်နေလေသည်။

ရောင်စုံဝဲဂယက်ကြီးထဲမှ လက်သည်းနှစ်ဖက်ဦးစွာထွက်ပေါ်လာ၏။ထို့နောက်တွင် ဦးခေါင်း၊လည်ပင်းနှင့် တစ်ကိုယ်လုံး ပေါ်လာလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Wo Geschichten leben. Entdecke jetzt