အပိုင်း ၃၉၄ လိုရင်းကိုပြောရအောင်၊ မတိုက်ခိုက်ဘူး

327 41 0
                                    

အပိုင်း ၃၉၄ လိုရင်းကိုပြောရအောင်၊ မတိုက်ခိုက်ဘူး၊ ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ

လင်ရှောင်၏ အုပ်စုဖွဲ့ကာ စွမ်းအားကြီးသူကိုဆန့်ကျင်မည့်အကြံကြောင့် ရှောင်လင်းတန်က သူ၏အကြံကိုပြန်စဥ်းစားလိုက်ရသည်။

အင်ပါရီယန်လျှောက်လှမ်းသူများက ထိုဆေးစိုက်ခင်းကိုမည်သူပိုင်ဆိုင်သင့်ကြောင်း ဆွေးနွေးနေကြသည်။သို့သော်လည်း အတော်အတန်ကြာအောင် ဆွေးနွေးပြီးသည့်တိုင်အောင် သူတို့က လူတိုင်းကိုကျေနပ်စေမည့် အဖြေတစ်ခုမရခဲ့ပေ။

ဆေးစိုက်ခင်းက အလွန်တန်ဖိုးရှိလွန်းသည်။

၄င်းကို မည်သူကမှအလွယ်တကူ လက်လွှတ်မပေးနိုင်ချေ။

'' ငါပြောခဲ့သလိုပဲ၊ ထက်ဝက်ကိုငါယူမယ်၊ ကျန်တဲ့တစ်ဝက်ကို မင်းတို့ကြိုက်သလို ခွဲဝေယူကြ၊ ဒါမှမဟုတ်ရင် မင်းတို့ငါ့ကိုတိုက်ခိုက်ရင်လည်း ဂရုမစိုက်ဘူး၊ မင်းတို့နဲ့ ငါတိုက်ခိုက်သင့်ရင်တိုက်ခိုက်ရမှာပဲ၊ အဆုံးသတ်မှာ ဘာဖြစ်သွားမလဲ ဘယ်သူသိနိုင်မှာလဲ...''

ရှောင်လင်းတန်ကခက်ထန်စွာ​ပြောလိုက်သည်။

တခြားသူများက သူ၏စကားကိုကြားသောအခါ မပျော်မရွင်ဖြစ်သွားကြသည်။

'' ထက်ဝက်က များလွန်းတယ်...''

'' ငါက ဒီမှာစွမ်းအားအကြီးဆုံးပဲ၊ ဒီတော့ ငါဝေစုအများဆုံးယူတာ ဖြစ်သင့်တာပဲမလား...''

ရှောင်လင်းတန်၏အဆိုပြုချက်က လူတိုင်းကိုတိတ်ဆိတ်သွားစေသည်။သူပြောသလိုသာ စွမ်းအားအကြီးဆုံးလူက အများဆုံးယူကြေးဆိုလျှင် အမှန်ပင်ထိုသို့ဖြစ်သင့်၏။

'' အိုး...စွမ်းအားအကြီးဆုံးလူက အများဆုံးယူရမှာလား...''

ထိုအချိန်တွင် အေးစက်စက်အသံတစ်သံကို အဝေးတစ်နေရာမှကြားလိုက်ရ၏။

'' ပုံမှန်ဆို...ဟုတ်တာပေါ့...''

ရှောင်လင်းတန်က အခြေအနေကိုသတိမမူမိသေးပဲ မသိစိတ်အရ အလိုအလျောက်ဖြေလိုက်မိ၏။သို့သော် ထိုခဏမှာပင် သူ၏အမူအရာက ချက်ချင်းတောင့်တင်းသွား၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Donde viven las historias. Descúbrelo ahora