အပိုင်း ၄၅၈ ဝတ်လုံဖြူဗိုလ်ချုပ်ကို ကယ်ဆယ်ခြင်း

184 5 2
                                    

အပိုင်း ၄၅၈ ဝတ်လုံဖြူဗိုလ်ချုပ်ကို ကယ်ဆယ်ခြင်း၊ တာအိုဆရာ ရှ၏ ပြင်းထန်သောဒေါသ

" တခ်... တခ်၊ ဒီလူက ကျော်ကြားတဲ့ ဝတ်လုံဖြူ ဗိုလ်ချုပ်ပေါ့ဗျာ၊ ရှေးဟောင်းစစ်မြေပြင်ရဲ့ တန်ခိုးကြီး ဘုရင်သုံးပါးထဲမှ တစ်ပါးဖြစ်ပေမယ့် အခုတော့ ခွေးတစ်ကောင်လို အကျဉ်းချခံထားရတယ် "

အကျဉ်းထောင်အပြင်တွင်၊ အငြိုးအတေးဝိညာဉ် တစ်ကောင်က သူ့ကို လှောင်ပြောင်လိုက်သည်။ သူသည် ဝတ်လုံဖြူဗိုလ်ချုပ်နှင့် အမြဲရှိနေသော မျက်နှာဖုံးကိုပင် သူ့လက်၌ ဆော့ကစားနေခဲ့သည်။

သို့ရာတွင်၊ ၎င်းသည် ယခုအခါ အငြိုးအတေးဝိညာဉ်တစ်ကောင် လက်တွင်း၌ အဆော့ခံနေရ၏။

အကျဉ်းထောင်အတွင်း၊ ဝတ်လုံဖြူ ဗိုလ်ချုပ်က တိတ်ဆိတ်နေသည်။ သူ၏ အနက်ရောင်ဆံပင်ရှည်များက သူ့ပုခုံးများပေါ် ဝဲကျနေပြီး သူ့မျက်နှာတစ်ဝက်အား ဖုံးကွယ်ထားရာ သူ၏ ရုပ်ရည်အမှန်ကို တွေ့မြင်ရ ခက်ခံစေသည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ဒေါသချီအရင်းအမြစ်များ အဆက်မပြတ် စုပ်ထုတ်ခံရရာ သူ့စွမ်းအင်က အလွန် အားနည်းလာသည်။ ဤဖြစ်စဉ်သည် နှိပ်စက်ညှဉ်းပန်းခြင်း မဟုတ်သော်လည်း ထာဝရ ကြာရှည်သလို ခံစားရသည်။ အနှေးနှင့် အမြန်ဆိုသလို သူ့ အသိစိတ်သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပေမည်။

လူသားတစ်ဦးက သူ၏ သွေးများကို ခြောက်သွားအောင် စုပ်ယူနေသကဲ့သို့ပင်။

ထို ဒေါသချီအရင်းအမြစ်သည် သူ၏ သွေးများကဲ့သို့ ဖြစ်၏။

ဝတ်လုံဖြူဗိုလ်ချုပ်သည် လူသားတစ်ဝက် အငြိုးအတေးဝိညာဉ်တစ်ဝက် ဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်မှ ဒေါသချီအရင်းအမြစ်ကို ထုတ်ယူရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ချေ။

၎င်းသာ သာမန်အငြိုးအတေးဝိညာဉ်ဖြစ်ပါက သူတို့အတွင်းရှိ ဒေါသချီအား ၎င်းတို့ကို သတ်ဖြတ်၍ ရယူနိုင်သည်၊ သို့သော် သူ့အတွက်မူ ကွဲပြားခြားနား၏။ ဒေါသချီအရင်းအမြစ်သည် သူ့အသားနှင့် တစ်သားတည်း ပေါင်းစပ်နေ၍ သူ့ကို သတ်လိုက်ခြင်းဖြင့် သူ၏ ဒေါသချီအရင်းအမြစ်ကို မရရှိနိုင်ပေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now