အပိုင်း ၄၀၉ သန်းပေါင်းများစွာသောစစ်တပ်ကြီး‌ရောက်ရှိလာခြင်း

259 26 0
                                    

အပိုင်း ၄၀၉ သန်းပေါင်းများစွာသောစစ်တပ်ကြီး‌ရောက်ရှိလာခြင်း၊ အဓိပ္ပာယ်မရှိတာ၊ လူတစ်ယောက်၏ဖိအား

ကောင်းကင်နက်ဂိုဏ်းတွင်...။

ကောင်းကင်နက်ဂိုဏ်းသည် အလွန်နိုးကြားစွာသက်၀င်လှုပ်ရှားလျက်ရှိကြသည်။တပည့်များအားလုံးက လာမည့်စစ်ပွဲကို မည်သို့မည်ပုံ ရင်ဆိုင်ရမည်ဖြစ်ကြောင်းပြင်ဆင်လျက်ရှိကြသည်။

ထီုအချိန်အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ဘေးမှစောင့်ကြည့်လျက်ရှိကြသည်။

သူတို့က ကောင်းကင်နက်ဂိုဏ်း၏ကျဆုံးမှုကိုလာရောက်စောင့်ကြည့်ကြခြင်းဖြစ်ကြသလို ဤခေတ်တွင်အသန်မာဆုံးကောင်းကင်သားတော်ဖြစ်သည့် ချူခွမ်းရန်၏ နေ၀င်ချိန်ကိုလည်း လာရောက်စောင့်ကြည့်ကြခြင်းဖြစ်သည်။

လူတစ်စုက တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေကြသည်။
သူတို့အားလုံးသည် ပညာရှင်များဖြစ်ကြသည်။ထိုလူစုထဲတွင် ထိုက်ရှုနန်းတော်မှ တာအိုဆရာသခင်၊ မိုးကြိုးဘုရားကျောင်းမှကျောင်းထိုင်ဆရာတော်၊ မရဏနန်းတော်မှမဟာနတ်ဆိုးစသည့်လူများပါ၀င်ကြသည်။

ဤအခိုက်အတန့်တွင် သူတို့က ကောင်းကင်နက်ဂိုဏ်းကို ထူးဆန်းသလိုကြည့်နေကြသည်။

“ ချူခွမ်းရန် ဒီတစ်ကြိမ် ဒီအဖြစ်အပျက်ကနေ ရုန်းထွက်နိုင်ပါ့မလား...”

အကြီးအကဲတစ်ယောက်က လက်ကိုခါယမ်းကာ ပြောလိုက်သည်။သူသည် ထိုက်ရှုနန်းတော်မှ ပညာရှင်ဖြစ်သည်။

ထိုစကားကိုကြားသည်နှင့် မရဏနန်းတော်မှ ပညာရှင်က ရယ်မောလိုက်၏။

“ ရုန်းထွက်မယ်ဟုတ်လား၊ ကြည့်ရတာ မင်းတို့က ကောင်းကင်နက်ဂိုဏ်းကို အရမ်းအထင်ကြီးနေတယ်ထင်တယ်၊ ကောင်းကင်နက်ဂိုဏ်းမှာ ပညာရှင်တွေအများဆုံးရှိရင် သုံးယောက်ပဲ၊ သူတို့မှာ ဒီကပ်ဆိုးကနေ ရှောင်လွဲဖို့အခွင့်အ‌ရေးလုံး၀မရှိဘူး၊ ချူခွမ်းရန်တစ်ယောက်တည်း လျှို့၀ှက်ကုန်းမြေတွေကို တိုက်ခိုက်နိုင်မှာမဟုတ်ဘူး...”

ကျန်လူများကလည်း ထိုစကားကို သဘောတူကြသည်။

ထိုက်ရှုနန်းတော်သခင်က မှတ်ချက်လေးတစ်ခုပြုမိရုံသာဖြစ်သည်။သို့သော်သူက မရဏနန်းတော်ပညာရှင်၏ စကားကိုကြားသောအချိန်တွင် ဘာမှထပ်မပြောနိုင်တော့ချေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Hikayelerin yaşadığı yer. Şimdi keşfedin