အပိုင်း ၄၆၁ ကောင်းကင်သားတော်များ ပညာရှင်ဆက်တိုက်ဖြစ်လာခြင်း

115 6 0
                                    

အပိုင်း ၄၆၁ ကောင်းကင်သားတော်များ ပညာရှင်ဆက်တိုက်ဖြစ်လာခြင်း၊ ရှောင်ကျန်းရှန်၏စိန်ခေါ်မှု

အရိပ်မဲ့ အတွင်းတွင်...။

ချူခွမ်းရန်က ဝတ်လုံဖြူဗိုလ်ချုပ်၏ လက်ရှိအခြေအနေကိုစစ်ဆေးကြည့်လျှက်ရှိသည်။

ဝတ်လုံဖြူဗိုလ်ချုပ်က ရှေးဟောင်းစစ်မြေပြင်၏ ချုပ်နှောင်မှုမှလွတ်မြောက်သွားပြီ ဖြစ်သွားသော်လည်း ဒေါသချီများက သူ၏ ခန္ဓာကိုယ်မှ အဆက်မပြတ်ယိုစိမ့်ထွက်လျက်ရှိသည်။၎င်းက ဆက်တိုက်ယိုစိမ့်ထွက်လျက်ရှိရာ ယခုအချိန်ထိ မရပ်သေးပေ။

“ ဝတ်လုံဖြူဗိုလ်ချုပ်၊ ရှေးဟောင်းစစ်မြေပြင်ရှိ ဘုရင်သုံးပါးထဲမှတစ်ပါး...”

ချူခွမ်းရန်က သိမြင်မှုမျက်လုံးကို အသုံးပြုကာ စစ်ဆေးကြည့်လိုက်၏။

“ သူ၏ အခြေခံအုတ်မြစ်က ပြင်းထန်စွာထိခိုက်လျှက်ရှိသည်၊  ဒေါသချီများက မြန်ဆန်စွာယိုစိမ့်ထွက်နေပြီး ကုန်ဆုံးလုနီးပါးဖြစ်နေသည်။ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က ပြင်းထန်စွာထိခိုက်နေပြီး သေဆုံးလုနီးပါးဖြစ်နေသည်။မည်သည့် ထူးခြားဖြစ်စဥ်မှ မရှိလျှင် သေဆုံးမည့်အချိန်မှာ ခုနှစ်ရက်အတွင်းဖြစ်နိုင်သည်...။”

ချူခွမ်းရန်က သိမြင်မှုမျက်လုံးမှရရှိသော အချက်အလက်များကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

“ ခုနှစ်ရက်...သူ့မှာ ခုနှစ်ရက်ပဲ ရှိတော့တာလား...”

‘ ဟင်း...ငါဘာလုပ်သင့်လဲ...’

ချူခွမ်းရန်က တွေးတောလိုက်သည်။

“ အစ်ကိုချူ...ငါက ငါ့ရဲ့အခြေအနေကို ကောင်းကောင်းသဘောပေါက်ပါတယ်၊ ဒါပေမဲ့ ငါသေမသွားခင် ငါ့ရဲ့မျိုုးဆက်တွေကို မြင်သွားချင်သေးတယ်...”

ဝတ်လုံံဖြူဗိုလ်ချုပ်က တောင်းဆိုလိုက်သည်။သူ၏ အမူအရာက အလွန်တည်ငြိမ်နေသည်။သူက သူရက်အနည်းငယ်အတွင်း သေဆုံးသွားတော့မည့်အချက်ကို လုံးဝဂရုမစိုက်ပုံရသည်။

သူက သေလူဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။အကယ်၍ လျိုမင်းသမီးသူ့အပေါ်အသုံးပြုထားခဲ့သော လျှို့ဝှက်နည်းစနစ်တစ်ခုကြောင့်သာမဟုတ်လျှင် သူသေဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။ထိုကြောင့် သူက သူမသေဆုံးခင်တွင် သူ၏မျိုးဆက်များကို မြင်တွေ့ချင်ခဲ့သော စိတ်ဆန္ဒသာရှိတော့၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Donde viven las historias. Descúbrelo ahora