အပိုင်း ၄၅၁ ကောင်းကင်တစ်ခွင်လုံးပြည့်နှက်နေသော ရုန်းဓားသွားများ

154 10 0
                                    

အပိုင်း ၄၅၁ ကောင်းကင်တစ်ခွင်လုံးပြည့်နှက်နေသော ရုန်းဓားသွားများ၊ ငါ့နာမည်က ချူခွမ်းရန် ပြီးတော့ ငါကမင်းတို့ကိုသတ်ဖို့လာခဲ့တာပဲ

ရွှေရောင်ကောင်းကင်ဘုံနန်းတော်...။

နန်းတော်ခန်းမတွင်...ပညာရှင်အုပ်စိုးသူချန်ချင်၏ မျက်လုံးများက ရုတ်တရက်ပွင့်လာခဲ့ပြီး သူ၏မျက်နှာက လုံးဝဖြူဖျော့နေလေသည်။သူက တုန်လှုပ်ချောက်ချားနေသော မျက်နှာဖြင့် အဝေးတစ်နေရာကို စိုက်ကြည့်နေလေသည်။သူ၏ ကျောရိုးတစ်လျှောက်လုံးသည် ယခုထိတိုင်အောင် စိမ့်တက်နေသလို ခံစားနေရတုန်းဖြစ်သည်။

“ ချူခွမ်းရန်...ချူခွမ်းရန်...”

“ မင်းက ဘာလို့အမြဲတမ်း ရွှေရောင်ကောင်းကင်ဘုံနန်းတော်နဲ့ ဆန့်ကျင်ဘက်ဖြစ်ဖို့ ကံပါလာရတာလဲ...၊ မင်းက ငါ့ရဲ့ စိတ်ဝိညာဥ်ကိုယ်ပွားကို ဖျက်စီးလိုက်တဲ့ အပြင် ငါ့ရဲ့တပည့်တစ်ယောက်ကို  သတ်လိုက်မှတော့ ဒီကိစ္စကို အဆုံးထိသွားရတော့မှာပေါ့...”

ပညာရှင်အုပ်စိုးသူချန်ချင်က သူတို့နှစ်ယောက်ထဲမှတစ်ယောက်သည် သေမှရတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။

ဤ ရန်ငြိုးသည် ပြေငြိမ်းရန် လုံးဝမဖြစ်နိုင်တော့ချေ။

“ ငါတို့ ချူခွမ်းရန်ကို အနီးကပ်စောင့်ကြည့်နေဖို့လိုတယ်၊ သူက အခု  ကျောက်သမုဒ္ဒရာမျှော်စင်ကို သွားနေတာဆိုတော့ အဲ့ဒီကို စောင့်ကြည့်ဖို့ လူတစ်ယောက်လွှတ်လိုက်ရမယ်...”

ပညာရှင်အုပ်စိုးသူ ချန်ချင်က ရေရွတ်လိုက်လေသည်။

သူက ချူခွမ်းရန်၏ အကန့်အသတ်ကို သိရှိရန်လိုအပ်လေသည်။

...။

ကျောက်သမုဒ္ဒရာမျှော်စင်သည် လျှို့ဝှက်ကုန်းမြေများထဲတွင် ထိပ်တန်းကျင့်ကြံခြင်းနယ်မြေများထဲမှ တစ်ခုဖြစ်သည်။၎င်းသည် ကောင်းကင်ကြယ်တာရာထဲတွင် အလွန်ဩဇာကြီးမားသော နေရာတစ်ခုဖြစ်ပြီး ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်ထား၏။

ထို ကျင့်ကြံခြင်းနယ်မြေထဲတွင် မဟာပညာရှင်များစွာရှိရုံသာမက ပညာရှင်အုပ်စိုးသူများစွာပါ ရှိလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now