အပိုင်း ၄၅၀ သဘာဝတရား၏ စွမ်းအားကို ကြောက်ရွံ့စေရန်သင်ကြားခြင်း

150 10 0
                                    

အပိုင်း ၄၅၀ သဘာဝတရား၏ စွမ်းအားကို ကြောက်ရွံ့စေရန်သင်ကြားခြင်း၊ ရေခဲစများ မြေပြင်တစ်ခုလုံးတွင် ပြန့်ကြဲသွားခြင်း

“ ကြည့်ရတာ အခုမင်းက အသုံးမကျတဲ့ သာမန်လူတစ်ယောက်လို ဖြစ်သွားပြီနဲ့တူတယ်..."

ရှောင်လင်းတန်၏ ရယ်သံက ပတ်ဝန်းကျင်တစ်ခွင်လုံးကို ပျံ့နှံ့သွားသဖြင့် ကောင်းကင်သားတော်များက ချူခွမ်းရန်ကို ကြည့်ကာ တစ်စုံတစ်ရာကို တိတ်ဆိတ်စွာ တွေးတောနေကြလေသည်။

“ ချူခွမ်းရန်က အရင်ကလို အထွတ်အထိပ်အခြေအနေကို ပြန်မရနိုင်တော့ဘူးလား...”

“ ဟူး...”

ချူခွမ်းရန်က သူ၏လက်နှစ်ဖက်ကိုပွတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်သည်။ထို့နောက် သူကပြောလိုက်သည်။

“ အိုး...ဒီနေ့က တကယ်အေးတာပဲ...၊ ဒီမရယ်ရတဲ့ ဟာသကြောင့် ဒီနေ့အအေးက ပိုလာတယ်နဲ့တူတယ်...”

“ ချူခွမ်းရန်...အခုမင်း မသန်စွမ်းဖြစ်နေရင်တောင် ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ အတိတ်တုန်းက မင်းငါ့ကို အရှက်ခွဲခဲ့တာတွေ အတွက် မင်းပြန်ပေးဆပ်ရလိမ့်မယ်…”

သူက သူ့ကိုယ်သူပြင်ဆင်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ ပြိုင်ဘက်ကို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

သူ၏လက်သီးစွမ်းအားများက ရွှေရောင်ရေစီးကြောင်းများပမာ ရှေ့သို့တိုးဝင်လာ၏။သို့သော် ၎င်းက ချူခွမ်းရန်နှင့် နီးကပ်လာသည်နှင့်အမျှ ရုန်းသင်္ကေတအကာအကွယ်တစ်ခုကြောင့် တားဆီးခံလိုက်ရလေသည်။

ဘေးပတ်ပတ်လည်ရှိ ကောင်းကင်သားတော်များက ထိုအဖြစ်အပျက်ကို စောင့်ကြည့်နေကြလေသည်။

“ သူက တကယ်ကို ရုန်းသင်္ကေတနည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားတာပဲ..."

“ ဒါပေမဲ့ ဘယ်လိုလဲ...”

ရုန်းသင်္ကေတများကို ထိန်းချုပ်ရန် ဝိညာဥ်စွမ်းအားကို အသုံးပြုရ၏။သို့သော် ချူခွမ်းရန်က ထောင်ချီသောရုန်းသင်္ကေတများကို ဝိညာဥ်စွမ်းအားအနည်းငယ်ကိုတောင်မှ အသုံးမပြုပဲ ထိန်းချုပ်နိုင်လေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now