အပိုင်း ၄၄၂ နောက်ထပ်အစည်းအဝေး၊ ဟင်းလင်းပြင်ဖြတ်ကူးခြင်းစွမ်းရည်

259 17 0
                                    

အပိုင်း ၄၄၂ နောက်ထပ်အစည်းအဝေး၊ ဟင်းလင်းပြင်ဖြတ်ကူးခြင်းစွမ်းရည်၊ အင်ပါယာကံအခွင့်အလမ်းကောင်းကိုလိုက်ရှာခြင်း

ယွမ်ချန်းနှင့်ကျန့်မြောင်ကို သတ်ဖြတ်ပြီးနောက် ချူခွမ်းရန်သည် တော်ဝင်အဇူရာပြည်ထောင်မှ ထွက်ခွာရန်ပြင်ဆင်နေခဲ့သည်။ဤတစ်ကြိမ်တွင် သူက ကောင်းကင်နက်းဂိုဏ်း၏ပြင်ပတွင် အလုပ်ကိစ္စများစွာလုပ်စရာရှိနေသည်။ထိုအရာများထဲမှတစ်ခုမှာ လျှို့ဝှက်ကုန်းမြေခြောက်ခုကို လက်စားချေရန်ဖြစ်သည်။

ရက်အနည်းငယ်အတွင်းတွင် ချူခွမ်းရန် ကျောက်သမုဒ္ဒရာမျှော်စင်၊ ဝေဒနာစံအိမ်နှင့် တခြားထိပ်တန်းကျင့်ကြံခြင်းနယ်မြေများကို လက်စားချေရန်သစ္စာဆိုလိုက်သော သတင်းသည် တောမီးပမာတစ်ကမ္ဘာလုံးကိုလျင်မြန်စွာပျံ့နှံ့သွားလေတော့သည်။

လူအများအပြားက ထိုကိစ္စအပေါ်အာရုံစိုက်လာကြသည်။

သူတို့အားလုံးက ချူခွမ်းရန်သည် ကောင်းကင်ဘုံအပြစ်ဒဏ်ချိပ်တံဆိပ်ကို မချိုးဖျက်ရသေးမှန်း သူ့ဆီတွင်ရုန်းသင်္ကေတစွမ်းအားကို အသုံးပြုရန်နည်းလမ်းတစ်ခုရှိနေကြောင်း  သိသွားကြပြီဖြစ်သည်။

ယခုအချိန်လူများစွာသိချင်နေကြသောအရာမှာ သူ၏ရုန်းသင်္ကေတစွမ်းအင်က မည်မျှကြောက်စရာကောင်းသည်ကိုဖြစ်သည်။

ရွှေရောင်ကောင်းကင်ဘုံနန်းတော်၏ ခန်းမကြီးထဲတွင်...။

လွန်ခဲ့သော သုံးနှစ်က ကဲ့သို့ပင် ချူခွမ်းရန်ကိုသုတ်သင်ရန်အတွက် အစည်းအဝေးတစ်ခုကိုကျင်းပလျက်ရှိကြသည်။ထိပ်တန်းကျင့်ကြံခြင်းနယ်မြေခြောက်ခုမှ ခေါင်းဆောင်များသည် ထိုနန်းတော်ထဲတွင် အတူကွစုဝေးလျက်ရှိလေသည်။

“ ချူခွမ်းရန်က လောကကြီးမှာနောက်တစ်ကြိမ်ပြန်ပေါ်လာပြန်ပြီ၊ တာအိုရောင်းရင်းတို့ ဒီအခြေအနေက ကျုပ်တို့အတွက်ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့ အခြေအနေပဲ၊ သူသေမှရမယ်...”

ရွှေရောင်ကောင်းကင်ဘုံနန်းတော်၏ ခေါင်းဆောင်အသစ် ပညာရှင်အုပ်စိုးသူ ချန်ချင်ကပြောလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Donde viven las historias. Descúbrelo ahora