အပိုင်း ၄၄၀ စစ်ပွဲကိုအဆုံးသတ်ခြင်း

258 14 0
                                    

အပိုင်း ၄၄၀ စစ်ပွဲကိုအဆုံးသတ်ခြင်း၊ ဝေဒနာစံအိမ်နှင့် ကျောက်သမုဒ္ဒရာမျှော်စင်တို့မှ အလည်လာခြင်း

    ချူခွမ်းရန်က သူ၏စိတ်စွမ်းအားကိုအသုံးပြုကာ ဆံဖြူအကြီးအကဲအား သုတ်သင်ပစ်လိုက်သည်။

    သွေးမြူက ပန်းများစွာပွင့်လန်းသလို ပေါက်ကွဲကာ ပွင့်ထွက်လာခဲ့၏။

   ထိုနေရာတွင်ရှိနေသော လူအားလုံးက သူတို့၏ ကျောရိုးများစိမ့်တက်သွားသလို ခံစားလိုက်ကြရသည်။အထူးသဖြင့် ယွမ်ချန်းဖန်အတွက်ဆိုပိုမှန်ပေလိမ့်မည်။

အကြောက်တရားက သူ၏ရင်ထဲမှတလိမ့်လိမ့်မြင့်တက်လာပြီး မျက်နှာတစ်ခုလုံးဖြူဖျော့နေလေသည်။

" မဖြစ်နိုင်တာ...မဖြစ်နိုင်တာ...”

“ မင်းရဲ့ စွမ်းအားတွေက ချိပ်ပိတ်ခံထားရတာမလား၊ ဘယ်လိုလုပ်စွမ်းအားကို အသုံးပြုနိုင်နေရသေးတာလဲ...”

ထိုအခိုက်အတန့်တွင် အစောင့်တပ်သားများ လူတစ်အုပ်စုကို ထိုနေရာသို့ ဖမ်းဆီးခေါ်ဆောင်လာလေသည်။ထိုလူများက အကျဥ်းသားဝတ်စုံကိုဝတ်ဆင်ထားပြီး အလွန်စိတ်ဓာတ်ကျဖွယ်ကောင်းသောလေထုက သူတို့အနီးပတ်ဝန်းကျင်တွင် ရစ်ဝဲလျက်ရှိသည်။ဂူလင်းလုံက ထိုသူတို့ကိုမြင်တွေ့သောအခါ စိုးရိမ်တကြီးအော်ဟစ်လိုက်၏။

“ အဖေ...”

ထိုလူများသည် ဂူလင်းလုံ၏ အဖေအပါအဝင် သူမ၏ဆွေမျိုးသားချင်းများဖြစ်ကြလေသည်။

အသက်ရှင်ရန်အတွက် ရမိရရာကိုလုပ်နေသော လူတစ်ယောက်ပမာ ယွမ်ချန်းဖန်သည် ဂူချင်ဆီသီု့ပြေးဝင်သွားလိုက်ပြီး သူ၏လည်ပင်းကို ဓားဖြင့်ထောက်ထားလိုက်လေသည်။

“ ဂူလင်းလုံ...ချူခွမ်းရန်၊ မင်းတို့နောက်ဆုပ်လိုက်တာကောင်းလိမ့်မယ်၊ မဟုတ်ရင် ငါသူ့ကို သတ်ပစ်လိုက်မယ်...”

ချူခွမ်းရန်က ယွမ်ချန်းဖန်ကိုစိုက်ကြည့်ကာပြောလိုက်၏။

“ ငါမင်းလိုမျိုး ရူးသွပ်တဲ့သူ အရင်က တစ်ခါမှမမြင်ဖူးဘူး...”

ထို့နောက်ချူခွမ်းရန်က ခန်းမထဲကို ဖြည်းဖြည်းချင်းလမ်းလျှောက် ဝင်သွားလိုက်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Hikayelerin yaşadığı yer. Şimdi keşfedin