အပိုင်း ၄၅၇ ပညာရှင်အုပ်စိုးသူသွေးအမျက်ကို သတ်ဖြတ်ခြင်း

142 4 0
                                    

အပိုင်း ၄၅၇ ပညာရှင်အုပ်စိုးသူသွေးအမျက်ကို သတ်ဖြတ်ခြင်း၊ ဒါကိုယူသွားရမှာပေါ့

ရှေးဟောင်းစစ်မြေပြင်၊ ဗဟိုနယ်မြေအတွင်းရှိနန်းတော်တစ်ခုအတွင်းတွင်...

ကြက်သွေးရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည့် အငြိုးအတေးဝိညာဥ်တစ်ကောင်က ဖြည်းညင်းစွာမတ်တပ်ထရပ်လိုက်၏။သူက နန်းတော်အပြင်ဘက်ရှိနေရာတစ်ခုကို စိုက်ကြည့်လျှက်ရှိပြီး ဒေါသချီများက သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်စွာတောက်လောင်ဖြာထွက်လျှက်ရှိသည်။

တစ်ခဏအကြာတွင်...။

စူးရှကျယ်လောင်သော အော်ဟစ်သံများကို နန်းတော်အပြင်ဘက်မှ ကြားလိုက်ရ၏။

အငြိုးအတေးဝိညာဥ်များက တစ်ကောင်ပြီးတစ်ကောင် ရုန်းဓားသွားများဖြင့် သတ်ဖြတ်ခံလိုက်ရသည်။ထို့နောက် ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးက နန်းတော်ထဲသို့ဝင်ရောက်လာပြီး သူတို့၏ ဘေးပတ်ပတ်လည်ကို စူးစမ်းသလို ကြည့်နေ၏။

သူတို့ကြည့်ရသည်မှာ တစ်နေရာရာကို အလည်လာရောက်သည့်လူများကဲ့သို့ပင် ဖြစ်သည်။

“ မင်းတို့နှစ်ယောက်က သွေးအမျက်နန်းတော်ထဲကို ဘယ်လိုတောင်ဝင်လာရဲရတာလဲ၊ မင်းတို့ အသက်ဆက်မရှင်ချင်တော့ဘူးလား...”

ကြက်သွေးရောင်ဝတ်စုံနှင့် လူကမတ်တပ်ရပ်ကာ ထိုစုံတွဲကို မျက်ခြေမပြတ်စောင့်ကြည့်နေ၏။ဒေါသချီများက သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်လျှက်ရှိပြီး လွန်စွာပြင်းထန်သော ဖိအားက သူ့ကို ဗဟိုပြုကာ စတင်ပျံ့နှံ့လာလေသည်။

“ ချူခွမ်းရန်က  သိမြင်မှုမျက်လုံးကို အသုံးပြုလိုက်သည်။

“ ပညာရှင်အုပ်စိုးသူသွေးအမျက်၊ ရှေးဟောင်းစစ်မြေပြင်ဘုရင်သုံးပါးထဲက တစ်ပါး...”

ချူခွမ်းရန်က အချက်အလက်များကို သိလိုက်ရသည်နှင့် တည်ငြိမ်စွာမေးလိုက်သည်။

“ ကျုပ်က ဒီကို မေးခွန်း တစ်ခုလာမေးတာ၊ ဝတ်လုံဖြူ ဗိုလ်ချုပ်ဘယ်မှာ ရှိလဲခင်ဗျားသိလား...”

“ အိုး...မင်းက ဝတ်လုံဖြူဗိုလ်ချုပ်ကို သိတာလား...”

ပညာရှင်အုပ်စိုးသူသွေးအမျက်က အံ့ဩသွား၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now