[0.0]

4.9K 179 12
                                    

Unicode 🌴

No Two_ နှစ်ယောက်မရှိ..။

တိတ်ဆိတ်သော ဝန်းကျင်တစ်ခု။ ခါတိုင်းလို ကလေးတွေရဲ့
စကားသံကိုမကြားရသောကြောင့် စိတ်ထဲနည်းနည်းတော့
ထူးဆန်းနေတယ်...။

ခြေဖော့နင်းရင်း တံခါးပေါက်ကို သာသာယာယာ
တွန်းဖွင့်လို့ အထဲကိုဝင်ခဲ့လိုက်တယ်..။ ထို့နောက်
မီးခလုတ်ကို ဒေါက်ခနဲ ဖွင့်လိုက်သော်ငြား လူနဲ့ တူတာဆိုလို့
ဘာမှမရှိတာကြောင့် စိတ်အလိုမကျမှုတို့ကဆင့်ကဲလာတယ်။

ခါတိုင်းဆို သူလာတာနဲ့ ကလေးတွေက အပြေးအလွှား
လာကြိုသော်ငြား ဒီနေ့တော့ အဆောက်ဦးထဲမှာ
တိတ်ဆိတ်မှုတို့က နေရာယူထား၏..။ နောက်ပြီး
သူလာတာနဲ့ အပြုံးတစ်ခုဖြင့်ကြိုတတ်သော မားမားလျို..။

အခုတော့ ဘယ်သူ့ကိုမှမတွေ့ရတာကြောင့် စိတ်တွေ
လေးလံသွားတယ်..။ အပြင်သွားတယ်ပြောရအောင်လည်း
အခုချိန်က သန်းခေါင်ယံတောင်ရောက်နေပြီ ဒီအချိန်ကြီး
သူတို့က ဘယ်သွားနိုင်မှာတဲ့လဲ..။

ဒီနေရာကို လူဆိုးတွေဝင်လာတယ်ဆိုရအောင်လည်း
ခြေရာလက်ရာ ပျက်ကျန်ခဲ့တာ ဘာမှမရှိ..။

"ဟမ်!!

ရုတ်တရက် မီးကဖျတ်ခနဲ ပျက်သွားတာမို့ ကြောက်ဒူးတွေ
တုန်လာတာတော့ ရှက်ရှက်နဲ့ ဝန်ခံရဦးမယ်..။
ငယ်ငယ်ကတည်းက အမှောင်ကြောက်တတ်သူမို့
ညဘက်တွေတောင် မီးဖွင့်ပြီးမှ အိပ်တတ်တာရယ်။

တစ်ကိုယ်လုံး တုန်ယင်လာပြီး ခဏအတွင်း ချွေးတွေ
ရွှဲနစ်သွားတယ်..။

ထိုစဉ် မြင်ကွင်းထဲကို ကျရောက်လာသည့် ဖယောင်းတိုင်မီး
မှိန်ဖျဖျလေး..။

"Happy Birthday To you!!!!!

ဖယောင်းတိုဖြင့် ကြည့်ကောင်းချင်တိုင်း ကြည့်ကောင်းနေတဲ့
ကိတ်ကိုသူလည်း ကြောင်ပြီးကြည့်နေမိတယ်..။

ဒီနေ့က ငါ့မွေးနေ့လား??

သေချာစဉ်းစားကြည့်ပြန်တော့လည်း ဟုတ်သားပဲ
ဒီနေ့က သူကိုယ်တိုင်တောင် မေ့နေခဲ့တဲ့ သူ့မွေးနေ့။
အရင်ကတည်းက မားမားလျိုကသူ့အတွက် မွေးနေ့
လုပ်ပေးမယ်ပြောပေမယ့် သူအပြတ်ငြင်းခဲ့လိုက်တယ်..။
ဒါပေမယ့် အခုတော့ မကြာခင်မှာ ထွက်သွားတော့မယ့်
သူ့ကို မားမားလျိုကအတင်းအကြပ် တစ်ကြိမ်တစ်ခါမှ
မကျင်းပဖူးခဲ့တဲ့ မွေးနေ့ကို လုပ်ပေးပုံရတယ်..။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now