[47]

1.2K 135 53
                                    

Unicode 🌴

" အား!!!

အိပ်ယာပေါ်ကနေ ချွေးတလုံးလုံးနဲ့ ထထိုင်ပြီး ညသန်းခေါင်မှာ ယောင်အော်တာမို့ ခဏကြာတဲ့အခါ
သူရှိရာအိမ်ဘက်ကို မားမားက ပြေးလာသည်။

"ရိပေါ် ဘာဖြစ်တာလဲ တစ်ခုခုဖြစ်လို့လား"

နှဖူးပေါ်ကချွေးတွေကို မြင်တော့မားမားက စိတ်မသက်သာစွာ မေးပြန်တယ်။ နောက် ၊ သူမရဲ့
ပုဝါကိုလှမ်းပေးလာသည်။

"အိမ်မက်ဆိုးတွေမက်ပြန်ပြီလား?

ရိပေါ် နှဖူးပေါ်ကချွေးတွေကို သုတ်ပြီးနောက် မားမားကို
ခေါင်းညိတ်ပြလိုက်တယ်။ နောက် ၊ မားမားလျိုက
သူ့အနားကိုပိုတိုးကပ်လာပြီး ဖက်ထားတာမို့ ဝမ်းနည်း
စိတ်ကလှိုက်တက်လာတယ်။

အချိန်တွေကတစ်နှစ်ကြာသွားပေမယ့်လည်း  အဲ့ဒီပုံရိပ်တွေကို ပြန်မြင်ယောင်ဆဲဖြစ်သလို အဲ့ဒီ
အခန်းကြီးထဲကနေလည်း မလွတ်မြောက်နိုင်သေးဘူး..။

"မား!! ကျွန်တော်ကြောက်တယ် !!!

မားမားလျို က အံ့သြနေတဲ့မျက်နှာနဲ့ သူ့ကိုကြည့်လာတယ်။
သူဒီကောင်လေးကို သိလာတာဖြင့် အသက်၁၂နှစ်ကတည်းကလေ။ အဲ့တုန်းက သိခဲ့ရတာက
ရိပေါ်သေးသေးလေးက ဘာကိုမှကြောက်တတ်သူ
မဟုတ်ဘူး။

ကြောက်တယ်ဆိုတာကလည်း ရိပေါ် နဲ့ မအပ်စပ်တဲ့ကိစ္စ။
ဘာအကြောင်းရာကများ ရိပေါ်ကို ကြောက်အောင်
လုပ်နိုင်ခဲ့တာပါလိမ့်..။

လွန်ခဲ့တဲ့တစ်နှစ်ကမှ ပြန်ရောက်တယ်ဆိုပေမယ့်လည်း
ရိပေါ်က ညတိုင်းယောင်ပြီး  အော်တတ်သလို တစ်ခါတစ်လေ
ရိပေါ်ရှိရာအိမ်လေးဘက်က ငိုသံတွေ ကြားရစမြဲပဲ။
ပေကျင်းမှာဘာတွေများ ဖြစ်ခဲ့ပါလိမ့်။

"ကျွန်တော် ကြောက်တယ်!!!

"ဘာကို ကြောက်တာလဲ မားမားရှိနေတာကို!!

"ဟင်း!! ကျွန်တော် ပေကျင်းကိုပြန်မသွားချင်တော့ဘူး "

"ရိပေါ်မသွားချင်ရင် မသွားနဲ့တော့လေ ဒီမှာပဲ
တစ်သက်လုံး နေတော့!!

ရိပေါ် ခေါင်းညိတ်ပြီးလက်ခံလိုက်တယ်။ မားမားလျိုက
သူ့အပေါ်မှာ အကောင်းဆုံးလူဆိုတာ သိသားပဲ..။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now