Unicode 🌴
ဖြောင်း!!!
"မင်း ဘယ်လိုအချိုးမျိုး ချိုးလိုက်တာလည်းဆိုတာ
နားလည်ရဲ့လားဟမ်!!ထူပူသွားတဲ့ ပါးကိုခပ်ဖွဖွလေး ပွတ်ရင်း နှုတ်ခမ်းမဲ့ပြတော့
မားမျက်နှာတင်းမာလာပုံအဆင့်ဆင့်ကို အရသာခံပြီး
ကြည့်လိုက်တယ်..။ တစ်ညလုံး ဖုန်းခေါ်လိုက်မက်ဆေ့ချ်
ပို့လိုက်လုပ်ပေမယ့်လည်း ဘာမှမတုန့်ပြန်၍ရိပေါ်
တိုက်ခန်းထိပြဿနာလာရှာခဲ့တာဖြစ်သည်။တော်သေးတာက ရိပေါ် တိုက်ခန်းမှာရှိမနေတာပဲ။
"ငါတို့တွေအချင်းချင်း ပြောဆိုထားပြီးပြီ မင်းသိလား
မင်းရဲ့သုံးစားမရတဲ့ လုပ်ရပ်ကြောင့် ငါတို့အချင်းချင်း
မျက်နှာပျက်ရတယ်""မား!! ဝမ်က ကျွန်တော်ကိုမတိုင်ပင်ပဲ လုပ်ချင်ရာ
လုပ်ခဲ့တာမဟုတ်ဘူးလား သူကကျအပြစ်ကင်းပြီး
ကျွန်တော်တစ်ယောက်ထဲ အပြစ်ရှိတာပေါ့ ဟုတ်လား""သူဘာပဲလုပ်လုပ် အဲ့ဒါကမှမင်းထက်သာသေးတယ်
ငါဖောက်ပေးတဲ့လမ်းကိုမလျှောက်ပဲ မင်းက တစ်ခြားသော
လမ်းကိုရွေးရဲတယ်ပေါ့ ဟုတ်လား!!"ဒီကိစ္စက မားနဲ့မဆိုင်ဘူး!!
"ပြောပါဦး မင်း သူ့ကိုဘာလို့ချစ်ရတာလည်းဟမ်!!
"ကျွန်တော်လည်း အဲ့ဒါကို သိချင်နေတာ
ကျေးဇူးပြုပြီး လာမနှောက်ယှက်လို့ရမလား ""မရဘူး!! မင်း ဝမ်နဲ့ပဲလက်ထပ်ရမယ် တောင်းဆိုနေတာ
မဟုတ်ဘူးနော် ""ဒါဆိုရင်တော့ ဆောရီးပဲ မား ကျွန်တော်က မားမားရဲ့
စကားကို နားထောင်ရမယ့် ကလေးလေးမဟုတ်တော့ဘူး
ဒါက ကျွန်တော်ဘဝ ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်မယ်""မင်းလုပ်ရဲလုပ်ကြည့် ငါ အမွေပါတစ်ခါတည်း
ဖြတ်ပစ်လိုက်မှာ "စကားအဆုံး နှုတ်ခမ်းမဲ့သွားတယ်။ မား စိန်ခေါ်တဲ့လူ
မှားနေပုံပါပဲ။"မားရဲ့ပိုင်ဆိုင်မှုတွေ ငွေကြေးတွေက မားရှာခဲ့သမျှတွေလေ
အဲ့ဒါက ကျွန်တော်နဲ့မှမဆိုင်တာ မားရဲ့သားက
ဘယ်သူ့အကူညီမှ မယူပဲနဲ့ရပ်တည်နိုင်ပြီးသားပါ!!