[26]

1.3K 148 76
                                    

Unicode 🌴

"မင်း အပြင်မှာရပ်စောင့်နေ!!

ဘောင်းဘီအိတ်ကပ်ထဲကို လက်နှစ်ဖက်လုံးထိုးထည့်ရင်း
ရှီးချန် ကို ပြောခဲ့ပြီးနောက် အထဲကိုဝင်ခဲ့လိုက်တယ်။
ဒီနေရာက ပေကျင်းမှာရှိတဲ့ နာမည်ကြီးဘားဖြစ်လေရာ
အပျော်တွေလည်းရှာလို့ရသေးတယ်။

အခုမှဒီလိုနေရာမျိုးကို ရောက်ဖူးတာဆိုပေမယ့် ကြည့်ရသလောက်တော့ မဆိုးဘူးပဲ..။

ပြီးနောက် သီးသန့်ခန်းယူလိုက်ပြီး ကောင်လေးတစ်ယောက်ကိုပါ ခပ်မြန်မြန်လေး ရှာတွေ့သွားတယ်။

ခန္ဓာကိုယ်ခပ်တောင့်တောင့်နဲ့ လူကြီးကိုမျက်ခုံးပင့်ကြည့်ရင်း
တစ်စုံတစ်ယောက်ကိုတွေးမိလာတဲ့အခါ ခပ်မြန်မြန်လေး
ခေါင်းခါလိုက်မိတယ်။ ဒီအချိန်မှာ အဲ့ဒီလူအကြောင်း
မတွေးချင်။

ဝမ်တို့သားမိ၂ယောက်နဲ့ ပတ်သတ်လို့ သူ့စိတ်က
အနည်ထိုင်သွားပြီးပြီဖြစ်ပေမယ့် ရှောင်းကျန့်လုပ်ရပ်ကတော့
ထိုသို့ဟုတ်ပုံမရ။

ထိုလူ့ကို တကယ်ယုံကြည်ခဲ့မိတာကိုက သူ့အမှား။

"မန်နေဂျာက ကိုယ့်ကိုပြောလိုက်တယ် ဒီည
ကိုယ့်ကို ခေါ်တယ်ဆိုတဲ့တစ်ယောက်က မင်းလား"

"ဟုတ်တယ် ရှည်ရှည်ဝေးဝေး တွေပြောမနေပါနဲ့
ခင်ဗျားလုပ်ရမယ့်ကိစ္စကိုပဲ ကျုပ်ပြောပြမယ်!

"အင်း ဟုတ်ပြီလေ ဒါဖြင့် ပြောကြည့်ပါဦး!!

ရိပေါ် ဝိုင်တစ်ခွက်အား မော့သောက်လိုက်ပြီး ထိုလူ့အနား
ပိုတိုးကပ်သွားတယ်။

"တကယ်ဆို ကျွန်တော် ခင်ဗျားလိုပုံစံမျိုးကို
အရမ်းကြိုက်တာလေ"

".... ......"

"ခင်ဗျားကအပေါ်ကလား အောက်ကလား?

"ဒီပုံစံကို မြင်တာနဲ့မသိဘူးလား ကိုယ့်လိုခပ်တောင့်တောင့်
ဘဲတွေကအောက်မှာနေတာ မင်းမြင်ဖူးလို့လလား!!

ရိပေါ်မှာ Wowခနဲဖြစ်သွားတယ်။ ပြီးမှ

"ဒါဆိုရင်တော်တော်တန်ကြေး ကြီးမှာပေါ့!!

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now