[52]

985 88 5
                                    

Unicode 🌴

"အန်ကယ်လင်ကိုပြောလိုက် ငါခရီးသွားမှာမို့
ရက်တော်တောကြာ လိမ့်မယ်လို့"

"ဒါများ CEOရယ် ကိုယ့်ဟာကို ဖုန်းဆက်လိုက်တာ
မဟုတ်ဘူး "

ဝမ် ထိုအတွင်းရေးမှူးမလေးကို မျက်စောင်းထိုးကြည့်ရင်း
စကားဆက်တယ်။

"ငါကိုယ်တိုင်ဆက်ရင် အန်ကယ်လင်က လက်ခံမှာမဟုတ်ဘူး
ဇွတ်ဆွဲထားမှာ အဲ့ဒါကြောင့် မင်းတို့ကိုပြောခိုင်းရတာ
နားလည်ရဲ့လား "

"ဟုတ်... နားလည်ပါပြီ "

"အင်း အန်ကယ်လင် ငါ့ကိုမေးလာရင် ခရီးသွားတယ်လို့သာ
ပြောရုံပဲ မင်းက ကုမ္ပဏီမှာ ထိန်းထားပေါ့ ဟုတ်ပြီလား"

ထိုအခါ အတွင်းရေးမှူးမလေးက ခေါင်းတကုတ်ကုတ်နဲ့
ဝမ်ကိုကြည့်လာတယ်။

"နေပါဦး CEOက အခုလိုအရေးကြီးတဲ့အချိန်မှာ
ဘယ်ကိုခရီးထွက်ဦးမလို့လဲ"

ဝမ်က အဓိပ္ပာယ်ရှိရှိ ပြုံးလိုက်တယ်။ ပြီးမှ

"ငါ့ညီဆီကိုလေ မတွေ့တာတစ်နှစ်တောင်ကျော်ပြီ
ကြားထဲမှာ ဖုန်းအဆက်သွယ်လည်းမရဘူး ဒါကြောင့်
ငါကိုယ်တိုင်သွားတွေ့မလို့လေ နောက်ပြီး ရှောင်းကျန့်ကလည်း လိုက်သွားသေးတယ် သူတို့ကြားမှာ
ငါ့ကြောင့်အဖာအထစ်မဖြစ်စေချင်ဘူး!!

"အာ... နားလည်ပါပြီ CEO စိတ်ချလက်ချသွားပါ
ဒါနဲ့ ဘယ်ချိန်ကနေစပြီးသွားမှာလဲ"

"ဟင်း! အခုပဲလေ"

"ဘာရယ်!! ဒါကြီးက အရမ်းစိတ်မြန်လက်မြန်
ဖြစ်နေသလားလို့"

"ဒါပေါ့ ငါ ရိပေါ်ကိုတွေ့ဖို့မစောင့်နိုင်တော့ဘူး"

ဝမ် ထိုကောင်မလေးကို ဒီလောက်သာပြောပြီး
လှည့်ထွက်လာတယ်။ ပြီးနောက် အိမ်ကိုပြန်ပြီး အဝတ်စား
တွေထည့်ကာ ၊ စပြီးထွက်ခွာလာတော့တယ်။

ရိပေါ် တစ်ယောက်အဆက်သွယ်လည်းမရတော့
ဘယ်လိုနေမယ်မသိ။ ပြောရကြေးဆို ရိပေါ်က ပြေးကြည့်လို့
တစ်ယောက်ထဲသာကျန်တော့တဲ့ မိသားစုဝင်ပဲ...။

အကြောင်းအမျိုးမျိုးကြောင့် ရိပေါ်အပေါ်မှာအထင်လွဲပြီး
မုန်းသလိုဖြစ်ခဲ့ပေမယ့် တကယ်နှစ်နှစ်ကာကာနဲ့မုန်းခဲ့တာမျိုး
မရှိဘူး..။ ဒီတစ်ခါရိပေါ်ကို တွေ့လို့ကတော့ အဲ့နေ့က
ပစ်ထားခဲ့မိတာနဲ့ကျူးလွန်ခဲ့ဖူးတဲ့ အပြစ်တွေအတွက်
တောင်းပန်ပြီး တစ်ခါလောက် ဖက်ထားဦးမယ်။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now