[0.4]

1.1K 122 16
                                    

Unicode 🌴

"မားမား အဲ့ဒီလူကြီးနဲ့ပတ်သတ်တာကို ဆင်ခြင်မလား
ကျုပ်အဲ့လူကြီးကို သွားသတ်ပြီး ထောင်ထဲဝင်ရမလား
ကြိုက်တာရွေး"

၁၂အရွယ်ရှိ ကလေးတစ်ယောက်ရဲ့စကားကြောင့် သူမ
မျက်ဝန်းအိမ်တွေ အဆမတန်ပြူးကျယ်ရ၏..။
သား၂ယောက်ရှိသည့်အနက် သားအကြီးဆုံးလေးက
နူးညံ့သိမ်မွေ့သလို သူမ စကားတစ်ခွန်းဆိုတစ်ခွန်း
အမြဲနားထောင်၏။

ခင်ပွန်းဖြစ်သူက မရှိတာမို့ သူမတစ်ယောက်တည်းသာ
သားနှစ်ယောက်ရဲ့လက်ကိုဆွဲပြီး ရုန်းကန်ခဲ့သည်မှာ
ကလေးတွေတစ်သက်ရှိခဲ့ပြီဖြစ်သည်။ ရုပ်ချင်းက
ခွဲမရအောင်တူသော်ငြား မတူကွဲပြားတဲ့ အကျင့်စရိုက်တွေ
ကြောင့်ဘက်လိုက်တယ်လို့ဆိုဆို သူမအနေနဲ့က အမြဲတမ်း
ဝမ်အပေါ်မှာသာ အလေးသာမြဲ။

"ဟဲ့.. မဟုတ်တာတွေလျှောက်မလုပ်စမ်းနဲ့ နောက်ပြီး
သူကငါ့အလုပ်ရှင်လေ မင်းကလည်းမင်းပဲ ငါ့အလုပ်ရှင်ရဲ့
သားနဲ့တည့်အောင်နေစမ်းပါ"

"မနေနိုင်ဘူး သူများတွေကနောက်ကွယ်မှာ မားမားကို
မယားငယ်လို့ ခေါ်နေကြတာ မားသိလား မားကခံနိုင်ရည်
ရှိပေမယ့် ကျုပ်တို့က မခံနိုင်ဘူးဗျ ဘာလဲ ခင်ဗျားက
အဲ့ဒီအပြောတွေပေါ်မှာ သာယာနေလို့လား.. "

"ဘာ!!! အရိုင်းစိုင်းကောင် "

ပြောရင်းဆိုရင်း ရိပေါ်လက်မောင်းကိုအားနဲ့ ဆွဲဆောင့်
ခေါ်ကာတွေ့ရာဒုတ်နဲ့ ရိုက်ပစ်လိုက်သည်။ အသုံးပြုတဲ့
ဒုတ်ကအရွယ်အစား သေးပေမယ့် ခံရတာတော့သက်သာမှာ
မဟုတ်မှန်း ထွက်ပေါ်လာတဲ့တရွှမ်းရွှမ်းအသံက သက်သေပင်။

"နင်ကဘာမို့ ငါ့ကိုလာပြောနေတာလဲဟမ်!!!

ဒီလောက်ရိုက်တာတောင် မျက်ရည်တစ်စက်မကျ..။
အံကြိတ်တင်းခံနေသည့် ခေါင်းကြောမာတဲ့သွင်ပြင်တို့က
သူမကိုပိုပြီး စိတ်တိုအောင်လုပ်နေသလိုပင်။ အခုချိန်
ဒီကောင်လေးဆီကသူမ မျှော်လင့်မိတာက နာကျင်လို့
ကျသည့်မျက်ရည်တွေ။ နောက်ပြီး မရိုက်ဖို့လည်း
တောင်းပန်စေချင်သေးတယ်။

သို့သော် ရိုက်တဲ့လူသာ မောလာတယ် ကောင်လေးဆီက
အသံတစ်ချက်ထွက်မလာခဲ့။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now